တနင်္သာရီမှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တွေတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရ
တနင်္သာရီမှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တွေတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရ
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က ဘန်းလမွတ်ကျေးရွာမှာ မနေ့က စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ကနေသိရပါတယ်။
မေလ ၁၅ ရက် နံနက် ၈ ဝန်းကျင်က ဘန်းလမွတ်ရွာမှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေကို ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တောင်ပိုင်းသူရဲကောင်းများအင်အားစုတို့က တိုက်ခိုက်ခဲ့ကြတာပါ။
မိနစ် ၂၀ ဝန်းကျင်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်ကဘေးကင်းကင်းနဲ့ပြန်ဆုတ်လာနိုင်ခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်ပြီး လမ်းမှာစစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
