ထိုင်းနိုင်ငံမှာ သင်္ကြန် ငါးရက်အတွင်း ယာဉ်တိုက်မှု နှစ်ထောင်နီးပါးဖြစ်ပွားခဲ့ပြီး လူ ၂၀၀ နီးပါးသေဆုံးခဲ့
ထိုင်းနိုင်ငံမှာ သင်္ကြန် ငါးရက်အတွင်း ယာဉ်တိုက်မှု နှစ်ထောင်နီးပါးဖြစ်ပွားခဲ့ပြီး လူ ၂၀၀ နီးပါးသေဆုံးခဲ့
အိမ်နီးချင်းထိုင်းနိုင်ငံမှာ သင်္ကြန်ကာလငါးရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ ယာဉ်မတော်တဆမှုတွေမဲ့ ထိခိုက်၊ သေဆုံးမှုသူအရေအတွက်တွေကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် Chotenarin Kerdsom က ဒီကနေ့ အသိပေးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြပါတယ်။
အခုလ ၁၁ ရက်နေ့ကနေ ၁၅ ရက်အထိ ယာဉ်မတော်တဆမှု ၁,၇၄၄ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၁၉၇ ဦးသေဆုံးခဲ့ကာ ၁,၇၃၈ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီထဲကမှ ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်၊ နန်ပြည်နယ်ဟာ ယာဉ်မတော်တဆမှု ၅၉ ခု၊ သေဆုံးသူ ၁၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၉ ဦးနဲ့ မတော်တဆမှုအမြင့်ဆုံး ဒေသဖြစ်တယ်လို့ ရေးသားထားပါတယ်။
ယာဥ်တိုက်မှုဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲက ၃၅ ဒဿမ ၆ ရာခိုင်နှုန်းဟာ အရှိန်လွန်မောင်းနှင်တာကြောင့်ဖြစ်တယ်လို့ ထိုင်းသတင်းဌာနဖြစ်တဲ့ Thai PBS က မနေ့က ရေးသားထားပါတယ်။
အရှိန်လွန်မောင်းနှင်တာအပြင် မတော်တဆ ဖြစ်တဲ့ ယာဉ်တွေထဲက ၂၈ ဒဿမ ၅၃ ရာခိုင်နှုန်းကလည်း မူးပြီး မောင်းနှင်တာကြောင့်လို့ ရေးသားထားပါတယ်။
ယာဉ်တိုက်မှုအမျိုးအစားတွေထဲက ၈၃ ဒဿမ ၇ ရာခိုင်နှုန်းဟာ မော်တော်ဆိုင်ကယ်တွေ ဖြစ်ပါတယ်။
The Tanintharyi Times
