ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ စစ်ကောင်စီ အရာရှိတွေ ကော့သောင်းမှာ တွေ့
ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ စစ်ကောင်စီ အရာရှိတွေ ကော့သောင်းမှာ တွေ့

ထိုင်းနိုင်ငံက လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ စစ်ကောင်စီအရာရှိတွေ ကော့သောင်းမြို့မှာ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံသား ၁၀ ဦးမြန်မာနိုင်ငံကို လာရောက်ချိန်မှာ မြန်မာ လဝက အရာရှိတွေက ကိုဗစ်စစ်ဆေးတဲ့အခါမှာ ကိုဗစ်ပိုးတွေ့ရှိတဲ့ ထိုင်းတွေကို ပြည်ဝင်ခွင့်မပေးခဲ့တာနဲ့ပတ်သက်ပြီး လာရောက် ဆွေးနွေးကြတာလို့ သိရပါတယ်။
ပြည်ဝင်ခွင့်မပေးလို့ လာတွေ့တာဆိုတဲ့ ပြောဆိုမှုတွေကိုတော့ တနင်္သာရီတိုင်းမ်အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
ထိုင်းဘက်ကအရာရှိတွေနဲ့ စစ်ကောင်စီဘက်က ဗျူဟာမှူးအပါအဝင် လဝကအရာရှိတွေ တွေ့ဆုံဆွေးနွေးချိန်မှာ စစ်ကောင်စီတပ်သားတွေ ရဲတပ်ဖွဲ့ဝင်တွေ ကော့သောင်းမြို့အနှံ့ လုံခြုရေးယူပေးထားတယ်လို့လည်း မြို့ခံတွေကပြောပါတယ်။
အရင်ကလည်း မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်လို့ ထိုင်းဘက်ကလာရောက်ညှိနှိုင်းတာတွေရှိခဲ့ဖူးပါတယ်။
ယခုလအတွင်းမှာ ကော့သောင်းမြို့ကို ထိုင်းဘက်က လာရောက် လွဲပြောင်းပေးခဲ့တဲ့ တရားမဝင်် မြန်မာရွှေ့ပြောင်းလုပ်သား ၆၈ ဦးခန့် ရှိပါတယ်။
The Tanintharyi Times