တရုတ်အကျိုးစီးပွားကို အလေးနက်ထားကာကွယ်ဖို့ ဝမ်ယီ က စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးကို မှာကြား
တရုတ်အကျိုးစီးပွားကို အလေးနက်ထားကာကွယ်ဖို့ ဝမ်ယီ က စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးကို မှာကြား

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာကျင်းပတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ နဲ့ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ သီးခြားတွေ့ဆုံခဲ့တယ်လို့ နှစ်ဖက်သတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုမှာ ရုတ်နိုင်ငံခြားရေးဝန်ကြီး က မြန်မာနိုင်ငံအတွင်းက တရုတ်အကျိုးစီးပွား ဆိုင်ရာစီမံကိန်းတွေကို အလေးနက်ထား ကာကွယ်ဖို့ ပြောကြားလိုက်သလို စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကျိုးပမ်းမှုတွေကို ထောက်ခံတယ်လို့ ပြောဆိုခဲ့ကြောင်း နှစ်ဖက်ထုတ်ပြန် ချက်တွေ အရသိရပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး က စစ်အုပ်စုအနေနဲ့ ပြည်သူတွေထောက်ခံတဲ့ ဖွံဖြိုးရေးလမ်းကြောင်း တွေ လုပ်ဆောင်ဖို့ နဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး အတွက် ထောက်ခံ အားပေးသွားမှာဖြစ်တယ်လို့ လည်းပြောကြားခဲ့ပါတယ်။
မြန်မာစစ်အုပ်စုအနေနဲ့ တရုတ်နိုင်ငံသားတွေ၊ တရုတ်အဖွဲ့အစည်းတွေ၊ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေနဲ့ တရုတ် အကျိုးစီးပွားကို အလေးအနက်ထားစောင့်ရှောက်ဖို့ လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးကိုပြောကြားခဲ့တာဖြစ်ပါတယ်။
အလားတူပဲ တရုတ် – မြန်မာ နယ်စပ်တည်ငြိမ်ရေး နဲ့ လုံခြုံရေးကို မြန်မာစစ်အုပ်စုအနေနဲ့ ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့် ကြောင်းလည်း ဝမ်ယီက ပြောကြားခဲ့တာဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော် မှုခင်းတွေ ပူးပေါင်းတိုက်ခိုက်ဖျက်ဖို့ တရုတ် နဲ့ စစ်အုပ်စု ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။
စစ်အုပ်စု ထုတ်ပြန်ချက်တွေမှာတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီ ဟာ အာဏာသိမ်းစစ်တပ် ဦးစီးကျင်းပမယ် ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီးဟာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီ ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ်ဆတ်ငီယမ်ဖုန် တို့နဲ့ သီးခြားတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
Connect Burma
The Tanintharyi Times