ယူကရိန်း အပေါ် ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး ထရမ့်နဲ့ ပူတင် အလာစကာ မှာတွေ့မယ်
ယူကရိန်း အပေါ် ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး ထရမ့်နဲ့ ပူတင် အလာစကာ မှာတွေ့မယ်

ယူကရိန်း အပေါ်ရုရှားကျူးကျော်တိုက်ခိုက်မှုကြောင့် ပေါ်ပေါက်လာတဲ့စစ်ပွဲ ရပ်တန့်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ပူတင်ကို အလာစကာထိပ်သီးအစည်းအဝေးပွဲ မှာ ဖိအားပေးဖို့ရှိနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာကြပါတယ်။
သမ္မတ ဖြစ်ပြီး ၂၄ နာရီအတွင်း ယူကရိန်း စစ်ပွဲကိုရပ်တန့်ဖို့ လုပ်ဆောင်မယ်လို့ ပြောကြားခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရုရှား – ယူကရိန်း အပစ်အခတ်ရပ်စဲရေးအတွက် နည်းလမ်းအမျိုးမျိုးသုံးပြီး လုပ်ဆောင်တာတွေ ရှိပေမယ့်အပစ်အခတ်ရပ်စဲရေးကတော့ ဖြစ်မလာခဲ့ပါဘူး။
ဒီတစ်ကြိမ်မှာတော့ ဒေါ်နယ်ထရမ့် နဲ့ ဗလာဒီမီပူတင်တို့ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူအသေအပျောက်အများဆုံးဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ဆွေးနွေးပြောဆိုဖို့ရှိနေပါတယ်။
ထရမ့် နဲ့ ပူတင်တို့ ဟာ မြန်မာစံတော်ချိန် စနေနေ့မနက်၊ ၂ နာရီခန့်မှာ စစ်အေးတိုက်ပွဲခေတ်က လေတပ်စခန်းဟောင်းတစ်ခုဖြစ်ခဲ့တဲ့ အလစကာ ပြည်နယ်မှာတွေ့ဆုံတော့မှာဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
သို့သော်လည်း ဒီဆွေးနွေးပွဲမှာ ရုရှားရဲ့ ကျူးကျော်စစ်ဒဏ်ကိုခံအလူးအလဲခံစား နေရတဲ့ ယူကရိန်း ဘက်ကိုတော့ ဖိတ်ကြားထားတာမရှိဘူးလို့ သိရပါတယ်။
ဒီဆွေးနွေးပွဲ အခြေအနေနဲ့ပတ်သက်ပြီး ယူကရိန်း သမ္မတ ဇယ်လန်းစကီး ကတော့ စိုးရမ်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။
ရုရှား ဟာ ယူကရိန်းရဲ့ နယ်မြေ ငါးပုံတစ်ပုံကိုထိန်းချုပ်ထားတာဖြစ်လို့ အမေရိကန် သမ္မတ ထရမ့်အနေနဲ့ မော်စကိုရဲ့ တောင်းဆိုမှုတွေကို လွယ်လွယ်ကူကူလိုက်လျော်မှာမျိုးကို စိုးရိမ်တို့ ယူကရိန်း သမ္မတ ဇယ်လန်းစကီး ပြောထားပါတယ်။
ဒါ့အပြင် စစ်ပွဲဟာ ဥရောပတိုက်မှာဖြစ်ပွားနေတာကြောင့် ဥရောပကိုယ်စားလှယ် တစ်ဦးပါဝင်ခွင့် ပေးဖို့လည်း ထရမ့်ကို ဇယ်လန်းစကီး ကတောင်းဆိုခဲ့ပါတယ်။
အမေရိကန် သမ္မတ ထရမ့်ကတော့ ဒီတွေဆုံပွဲရလဒ် ကောင်းပါက ဇယ်လန်းစကီးပါဝင်မယ့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားထားပါတယ်။
ဒီတွေ့ဆုံမှုဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း အမေရိကန် နဲ့ ရုရှား သမ္မတတွေရဲ့ ပထမဆုံး တွေ့ဆုံပွဲ လည်းဖြစ်ပါတယ်။
စစ်ပွဲနဲ့ ပတ်သက်ပြီး ကရင်မလင် ဘက်ကခေါင်းမာနေမယ်ဆိုရင် ရုရှားကို ပိတ်ဆို့ဒဏ်မှုတွေထပ် တိုးလုပ်ဆောင်မယ်လို့လည်း ထရမ့်က အစည်းအဝေးဖြစ်မြောက်ကြောင်း သဘောတူတဲ့နေ့မှာပြောဆိုထားပါတယ်။
လက်ရှိအချိန်မှာတော့ ထရမ့် ဟာ အိမ်ဖြူတော်ကနေ အလာစကာကို ခရီးထွက်သွားပြီလို့ သိရှိရပါတယ်။
ကိုးကား – ရိုက်တာ၊ ဂါးဒီးယန်း
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times