မြန်မာအရေး ဦးစားပေးဖြေရှင်းရမယ့် အချက်တွေ ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party ပါတီခေါင်းဆောင်ထုတ်ပြော
မြန်မာအရေး ဦးစားပေးဖြေရှင်းရမယ့် အချက်တွေ ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party ပါတီခေါင်းဆောင်ထုတ်ပြော
မြန်မာအရေး နဲ့ ပတ်သက်ပြီး ဦးစားပေးဖြေရှင်းမယ့်အချက်တွေ ကို လက်တလောမှာ ထိုင်း ရွေးကောက်ပွဲ အနိုင်ရထားတဲ့ Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenrat ကထုတ်ဖော်ပြောကြားလာပါတယ်။
မြန်မာစစ်အာဏာသိမ်းမှု အရေးကို ဖြေရှင်းဖို့ အမေရိကန် အစိုးရက ပြဋ္ဌာန်းထားသော Burma Act အသင်ဝင်ဖို့ အပြင် တခြား ကဏ္ဍ တွေမှာပါ နိုင်ငံတကာနဲ့ ပူးပေါင်းသွားမယ်လို့ ဒီကနေ့ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲ အောင်နိုင်ကြောင်းကြေညာတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံ၏ ပါဝင်မှု မရှိဘဲ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အောင်မြင်မှုမရနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ဖို့ ထိုင်းနိုင်ငံအနေနဲ့ တွန်းအားပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Move Forward Party ပါတီဟာ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ မဲအများဆုံးနှင့် အမတ်နေရာ အများဆုံး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်သူတွေကို အကူအညီပေးနိုင်ရေးအတွက် ထိုင်း နဲ့ မြန်မာနိုင်ငံအကြား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လမ်းကြောင်းတွေ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။
“ထိုင်းနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုမရှိဘဲ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်က အောင်မြင်မှု မရနိုင်ပါဘူး။ ကျနော်တို့အနေနဲ့ ထိုင်း-မြန်မာအကြားမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လမ်းကြောင်းဖွင့်ပါ့မယ်။ ဒီလိုဖွင့်ဖို့လည်း ဥပဒေတွေအရ လုပ်ဆောင်နိုင်သလို အရင် အတိတ်ကာလတွေမှာလည်း ဒီလိုလုပ်ခဲ့တာတွေရှိပါတယ်” လို့ သူကဆိုပါတယ်။
လက်ရှိ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ Move Forward Party ပါတီက အမတ်နေရာ ၁၅၁ နေရာနဲ့ လူထုထောက်ခံမှုဆန္ဒမဲ အများဆုံးရရှိထားသော ရွေးကောက်ပွဲအနိုင် ရ ထိပ်ဆုံးပါတီလည်းဖြစ်ပါတယ်။
Move Forward Party ပါတီ ခေါင်းဆောင် Pita Limjaroenrat ဟာ အမေရိကန်ဟားဗက်တက္ကသိုလ်ဘွဲ့ရ တစ်ဦးဖြစ်ပြီး အသက် ၄၂ နှစ်အရွယ်ရှိ ပါတီခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။
ရွေးကောက်ပွဲအနိုင်ရ Move Forward Party ပါတီ ခေါင်းဆောင် Pita Limjaroenratက ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် မဟာမိတ်ပါတီတွေ နဲ့ ပူးပေါင်းပြီး အစိုးရသစ်ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
Connect Burma
The Tanintharyi Times
