ကော်ဘရာစစ်ကြောင်းနဲ့စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားပြီး ယာယီတပ်ရင်းမှူး ဗိုလ်မှူး အပါအဝင် အရာရှိ တပ်သား ၈ ဦးသေဆုံး၊ လက်နက်အများအပြားထပ်မံသိမ်းဆည်းရမိ

ကော်ဘရာစစ်ကြောင်းနဲ့စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားပြီး ယာယီတပ်ရင်းမှူး ဗိုလ်မှူး အပါအဝင် အရာရှိ တပ်သား ၈ ဦးသေဆုံး၊ လက်နက်အများအပြားထပ်မံသိမ်းဆည်းရမိ

ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ် ထပ်မံဖြစ်ပွားတဲ့တိုက်ပွဲမှာ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အပါအဝင် အရာရှိ၊ တပ်သား ၈ ဦးသေဆုံးပြီး လက်နက်အများအပြားသိမ်းဆည်းရမိပြန်တယ်လို့ ကော်ဘရာစစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်းမှာ ကော်ဘရာ စစ်သည် ၁ ဦးပဲ အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီထံက ၅.၅၆ ကျည် ၇၀၅ တောင့် ၊MA ကျည်ဘောက် ၄ခု၊ လက်ပစ်ဗုံး ၃ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ အမည်မသိကျည်သေး ၁ ခု၊ ဆက်စပ် စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

ဒီနေ့မှာထပ်ပြီးနယ်မြေရှင်းလင်းခဲ့ရာ စစ်ကောင်စီထံမှ ၅.၅၆ ကျည် ၃၀၀၀ ကျော်၊ လက်ပစ်ဗုံး ၁၃ လုံး၊ ခွင်းဗုံး ၁၄ လုံး၊ နင်းမိုင်း ၁၂ လုံး၊ ၆၀ မမ ဗုံးသီး ၈ လုံး၊ ၆၀မမ စိန်ပြောင်း ၁လက်၊ MA ကျည်ဘောက် ၁၁ ခု၊ RPG -7ကျည် ၈လုံး၊ RPG ယမ်းတောင့် ၉ တောင့်၊ ဆိုလာပြား ၁ခု၊ NATO ကျည် ၂၆၅ တောင့် နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေထပ်မံသိမ်းဆည်းမိခဲ့တာပါ။

ဒါ့အပြင် မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်နဲ့ဆက်စပ်နေရာတွေမှာ ၅.၅၆ ကျည် ၄၀၀ တောင့်၊ MA ကျည်ဘောက် ၃ခု၊ နင်းမိုင်း ၃ လုံး၊ ဖြိုခွင်းရေး ယမ်းတောင့် ၁ခု ၊ ဆက်သွယ်ရေးစက် ၁ လုံး၊ ၆၀ မမ ဗုံးသီး ၉လုံး၊ RPG ကျည် ၅ လုံး၊ နဲ့ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများ ထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

ကော်ဘရာစစ်ကြောင်းအနေနဲ့ ဆုတ်ခွာ ထွက်ပြေးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို နယ်မြေရှင်းလင်းရေးဆက်လက် ဆောင်ရွက်နေပြီး စစ်ကောင်စီ တပ်သားများအနေနဲ့ လက်နက်နဲ့တကွ ပူးပေါင်းချင်ရင် Cobra Column ဖေ့စဘုတ်စာမျက်နှာကို ဆက်သွယ်နိုင်တယ်လို့လည်းဆိုထားပါတယ်။

The Tanintharyi Times