ထားဝယ်-ထီးခီးလမ်းတစ်လျှောက် စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး PDF သုံးဖွဲ့ထုတ်ပြန်
ထားဝယ်-ထီးခီးလမ်းတစ်လျှောက် စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး PDF သုံးဖွဲ့ထုတ်ပြန်
ထားဝယ်-ထီးခီးလမ်းမှာ ဇွန်လ ၁၂ ရက်က စစ်ကောင်စီယာဥ်တန်းကိုတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး PDF တွေအသီးသီးသတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သားတစ်ရာကျော်လမ်းလျှောက်ချီတက်ပြီး ကား ၁၀ စီးဝန်းကျင်ပါဝင်တဲ့ လူတန်း၊ ယာဥ်တန်းဟာ ထားဝယ်-ထီးခီးလမ်းတစ်လျှောက်သုံးကြိမ်ထက်မနည်းတိုက်ခိုက်ခံခဲ့ရတာပါ။
ဝကုန်းကျေးရွာမှာ Eastern Defense Force က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်သား ငါးဦးသေ၊ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
က္လားသစ္ဏတ်(ကျားသစ်နက်) အဖွဲ့ကလည်း နံနက် ၁၁ နာရီခွဲအချိန်က လမ်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်သေဆုံးကာ ၁၀ ဦးဝန်းကျင်ဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
ညနေ ၃ နာရီခွဲမှာတော့ လိပ်ကြယ်ပြောင်ရွာနဲ့ သရက်ငုတ်ရွာအကြားမှာ Dawei Guerrilla Revolutionary Force-DGRF က တီထွင်ထုတ်လုပ်ထားတဲ့အင်အားပြင်းလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးခန့်ပွဲချင်းပြီးသေဆုံးကာ ၂၀ ဝန်းကျင်ဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
PDF အဖွဲ့သုံးခုရဲ့ ထုတ်ပြန်ချက်တွေအရ အဲဒီစစ်ကောင်စီယာဥ်တန်း၊ လူတန်းမှာ စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်သေဆုံးပြီး ၃၀ ဝန်းကျင်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ပြောက်ကျားခြုံခိုတိုက်ခိုက်မှုတွေဖြစ်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။
The Tanintharyi Times
