ထိုင်း-မြန်မာနယ်စပ်ပူလူတူစခန်း ကို KNLA နဲ့ တော်လှန်ရေးတပ်တွေသိမ်းပိုက် ၊စစ်ကောင်စီတပ်သားတွေ ထိုင်းဘက်ထွက်ပြေး
ထိုင်း-မြန်မာနယ်စပ်ပူလူတူစခန်း ကို KNLA နဲ့ တော်လှန်ရေးတပ်တွေသိမ်းပိုက် ၊စစ်ကောင်စီတပ်သားတွေ ထိုင်းဘက်ထွက်ပြေး

ထိုင်း-မြန်မာနယ်စပ် ကကရင်ပြည်နယ် လှိုင်းဘွဲမြို့အရှေ့ဘက် စစ်ကောင်စီရဲ့ ခလရ ၃၁ ပူလူတူစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
မနေ့က မတ် ၁၃ ရက် ညသန်းခေါင်ယံအချိန်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပူလူတူ စခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး ထွက်ပြေးလာပြီး ထိုင်းစစ်တပ်က လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးအပ်ထားတယ်လို့ ဆိုပါတယ်။
လတ်တလော စစ်ကောင်စီတပ်သားတွေကို ထာ့ဆောင်မြို့နယ်ကနေ မဲဆောက်မြို့၊ နရေစွမ် အမှတ် (၃၅) ခြေမြန်တပ်ရင်းကို ခေါ်ဆောင်လာခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းဘက်ထွက်ပြေးသွားသူတွေထဲမှာ ထိခိုက်ဒဏ်ရာရရှိသူ ၄ ယောက်ရှိပြီး တယောက်က ဒဏ်ရာစိုးရိမ်ရလို့ တာ့ခ်ခရိုင် တာဆောင်ယမ်းဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ပူလူတူစခန်းကို ဖေဖော်ဝါရီ ၂၇ ရက် မနက်ကစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေရာက မတ် ၁၃ ရက် ညသန်းခေါင်ယံအချိန်မှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ စစ်ရေးသတင်းအရင်းမြစ်တွေဆီကသိရပါတယ်။

Connect Burma
The Tanintharyi Times