တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ မြန်မာနိုင်ငံလာမယ်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ မြန်မာနိုင်ငံလာမယ်

Photo - ဆင်ဟွာ / စစ်ခေါင်းဆောင်မင်းအောင်လှိုင် နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ ၂၀၂၁ ခုနှစ် က တွေ့ဆုံခဲ့စဉ်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာကိုးကြိမ်မြောက် မဲခေါင် – လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအစီစဉ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ မြန်မာနိုင်ငံကို လာရောက်မယ် လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အဲ့ဒီအစည်းအဝေးမှာ ဝမ်ယီက ပူးတွဲသဘာပတိအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ လည်းဖော်ပြထားပါတယ်။

ဝမ်ယီ ဟာ မြန်မာခရီးစဉ်အပြီးမှာ ထိုင်းနိုင်ငံကိုဆက်လက် သွားရောက်ဖို့ရှိပြီး ခရီးစဉ်အတွင်း မြန်မာ၊ထိုင်း၊ လာအို နိုင်ငံခြားရေးဝန်ကြီးတွေ နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ဝမ်ယီရဲ့ ခရီးစဉ်ဟာ ဩဂုတ်လ ၁၄ ရက်ကနေ ၁၇ ရက်အထိကြာမြင့်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရွီကျွင်းဟာလည်း အခုလ ၈ ရက်နေ့က မြန်မာနိုင်ငံကိုရောက်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ပြည်တော်မှာတွေ့ဆုံခဲ့ဝာာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ကိုးကန့်အဖွဲ့က သိမ်းပိုက်လိုက်ပြီးတဲ့နောက် တရုတ်အထူးကိုယ်စားလှမြန်မာနိုင်ငံကိုလာခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဉ်အပြီး ရက်ပိုင်းအကြာမှာပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီ ကမြန်မာနိုင်ငံကိုလာရောက်ဖို့ ရှိနေတာပါ။

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times