အော်စကာဆုသမိုင်းမှာ အာရှအမျိုးသမီးသရုပ်ဆောင်ဆု ပထမဆုံးမှတ်တမ်းစာရင်း ဝင်သွားတဲ့ မင်းသမီး မီရှဲယိုနဲ့ အော်စကာဆုပေးပွဲက ဖက်ရှင်တွေ
အော်စကာဆုသမိုင်းမှာ အာရှအမျိုးသမီးသရုပ်ဆောင်ဆု ပထမဆုံးမှတ်တမ်းစာရင်း ဝင်သွားတဲ့ မင်းသမီး မီရှဲယိုနဲ့ အော်စကာဆုပေးပွဲက ဖက်ရှင်တွေ

အမေရိကန်ပြည်ထောင်စု လောစ့်အိန်ဂျလိစ်မြို့ မှာ ဒီကနေ့ကျင်းပတဲ့ ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို အာရှနွယ်ဖွားမင်းသမီး မီရှဲယိုက Everything Everywhere All at Once ဇာတ်ကားနဲ့ ဆွတ်ခူးရရှိခဲ့ပါတယ်။
အသက် ၆၀ အရွယ် မီရှဲယိုဟာ အာရှမှာ ပထမဆုံး အော်စကာဆုရ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရှင်ပဲ ဖြစ်ပါတယ်။
အခုနှစ် ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲ မှာ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကိုတော့ The Whale ဇာတ်ကားနဲ့ Brendan Fraser က ရရှိခဲ့ပါတယ်။
ဒီနှစ် အော်စကာဆုပေးပွဲမှာတော့ “Everything Everywhere All at Once” က အကောင်းဆုံးတည်းဖြတ်မှု၊ အကောင်းဆုံးဇာတ်ညွှန်း၊ အကောင်းဆုံးဒါရိုက်တာ၊ အကောင်းဆုံးဇာတ်ကားဆုအပါအဝင် ဆု ၇ ဆု ရရှိခဲ့ပါတယ်။



The Tanintharyi Times