တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား
တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်းသေဆုံးဟုဆို
တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကျေးရွာကနေ ထွက်ခွာလာတဲ့ စစ်ကောက်စီစစ်ကြောင်းကို နဂါးစစ်သည်မဟာမိတ်တပ်ပေါင်းစုမှ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
ညောင်ပင်ကွင်း ကျေးရွာအုပ်စု၊ ထုံမခါကျေးရွာနဲ့ သဘော့လိပ် ကျေးရွာကြားမှာရှိတဲ့ ဘုရားတောင်အနီးမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် (၂၀) ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ တပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နဂါးစစ်သည် မဟာမိတ်တပ်ပေါင်းစုတွေအနေနဲ့ ထိခိုက်မှုမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နဂါးစစ်သည်မဟာမိတ်တပ်ပေါင်းစုဟာ တနင်္သာရီမြို့နယ်ထဲက စစ်ကောင်စီထောက်တိုင်မှန်သမျှကို အလျဥ်းသင့်သလို့ တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်ကလည်း ညောင်ပင်ကွင်းကျေးရွာအုပ်စုထဲက ရွာလမ်းတစ်လျှောက်မှာ အချိန်မရွေး တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့ကို အသိပေးထုတ်ပြန်ထားပါတယ်။
The Tanintharyi Times