“နိုင်ငံသားသတင်းစာပညာ “လက်စွဲစာအုပ် – PDF ဖိုင်ကို မည်သူမဆို အခမဲ့ ရယူနိုင်ပါပြီ
“နိုင်ငံသားသတင်းစာပညာ “လက်စွဲစာအုပ် – PDF ဖိုင်ကို မည်သူမဆို အခမဲ့ ရယူနိုင်ပါပြီ

လူ့အဖွဲ့အစည်းတစ်ခုဟာ အရေးကြီးတဲ့အမှောင်ခေတ်တစ်ခုကို ဖြတ်သန်းနေရပြီဆိုရင် နိုင်ငံသားသတင်းစာပညာနဲ့ နိုင်ငံသားသတင်းသမားတွေ (Citizen Journalists (CJ) )ရဲ့ အခန်းကဏ္ဍက ရှေ့တန်းကို ရောက်လာပါတယ်။
နိုင်ငံရေးမတည်မငြိမ်နဲ့ စစ်ရေးပဋိပက္ခအောက်မှာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ စီးဆင်းနိုင်ဖို့အတွက် ဒေသအသီးသီးမှာ နိုင်ငံသားသတင်းသမား (CJ) တွေ ပေါ်ထွန်းလာဖို့ အလွန်အရေးကြီးလှပါတယ်။
စစ်ရေး ပဋိပက္ခအခြေအနေအောက်မှာ သတင်းတွေနဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ နိုင်ငံသားသတင်းသမားတွေ(Citizen Journalists (CJ) ) အတွက် ရည်ရွယ်ပြီး သိထားသင့်တာတွေကို အပိုင်း (၈) ပိုင်းခွဲပြီး တနင်္သာရီတိုင်းမ်က ဖော်ပြခဲ့ပါတယ်။
ဖော်ပြခဲ့တဲ့ နိုင်ငံသားသတင်းစာပညာ အကြောင်းအရာတွေက
(၁) နိုင်ငံသားသတင်းစာပညာဆိုတာ ဘာလဲ
(၂) နိုင်ငံသားသတင်းသမားများရဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲက အခန်းကဏ္ဍ
(၃) နိုင်ငံသားသတင်းစာပညာကို လက်တွေ့ကျင့်သုံးခြင်း
(၄) နိုင်ငံသားသတင်းသမားတွေနဲ့ ပင်မရေစီးသတင်းဌာနကြီးတွေ ဘယ်လို လက်တွဲ ဆောင်ရွက်လို့ရမလဲ
(၅) အခြေခံသတင်း ရေးသားနည်း
(၆) ဓာတ်ပုံများနှင့် ဗွီဒီယိုများရိုက်ကူးခြင်း
(၇) လုံခြုံရေး
(၈) ကျင့်ဝတ်ဆိုင်ရာ ထည့်သွင်းစဉ်းစားစရာမျာ
တို့ပဲ ဖြစ်ပါတယ်။
ဖော်ပြခဲ့ပြီးခဲ့တဲ့အကြောင်းအရာတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှု၊ သိမ်းဆည်းထားနိုင်ဖို့ရည်ရွယ်ပြီး လက်စွဲစာအုပ်အဖြစ် ပြင်ဆင်ထုပ်ပိုးထားတဲ့ PDF ဖိုင်ကို မည်သူမဆို အခမဲ့ ရယူနိုင်ပါတယ်။
The Tanintharyi Times