AA တပ်ဖွဲ့ဝင်တစ်ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားပြီး နယ်ခြားစောင့်တပ် ထံ လက်နက်အပ်နှံ

AA တပ်ဖွဲ့ဝင်တစ်ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားပြီး နယ်ခြားစောင့်တပ် ထံ လက်နက်အပ်နှံ

အာရက္ခတပ်တော် AA ရဲ့ အသက် ၂၁ နှစ်အရွယ် တပ်ဖွဲ့ဝင်တစ်ဦးဟာ မောင်တောမြို့နယ်မှာရှိတဲ့ AAတပ်စခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားပြီး နယ်ခြားစောင့်တပ် BGB ထံ လက်နက်အပ်နှံ ခဲ့တယ်လို့ ဘင်္ဂလားဒေရှ့် သတင်းစာ Dhaka Tribune ကဖော်ပြပါတယ်။

ထွက်ပြေးလာတဲ့ AA တပ်သားဟာ AK – 47 တစ်လက်နဲ့ ကျည်ဆန် အများအပြားယူဆောင်လာကာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB အမှတ် (၆၄) တပ်ရင်းထံ အပ်နှံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ AA တပ်ဖွဲ့ဝင်ရဲ့ထွက်ဆိုချက်အရ တခြား AA အဖွဲ့ ဝင် ၃၀၀ ကျော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ရောက်လာတယ်လို့ BGB အရာရှိတွေကပြောကြားကြောင်း Dhaka Tribune သတင်းမှာဖော်ပြထားပါတယ်။

ထွက်ပြေးလာတဲ့ AA တပ်သားဟာ ဂျီဘွန် တန်ချန်ဂျာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရခိုင် လူမျိုး ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှိ သတင်းတွေ အရသိရပါတယ်။

သူဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသဘန်ဒါဘန်ခရိုင်၊ နိုင်ခေါင်ချာရီမြို့နယ် မှာနေထိုင်သူဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေသော်လည်း BGB အရာရှိတွေက ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကို ဆက်လက်အတည်ပြု နေတယ်လို့ ပြောပါတယ်။

ထွက်ပြေးလာတဲ့ အခြား AA တပ်ဖွဲ့ ၃၀၀ ဟာလည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်မှာ အချိန်မရွေးခိုလှုံနိုင်တယ်လို့ ထွက်ပြေးလာသူကထွက်ဆိုကြောင်း BGB အရာရှိတွေ ကထုတ်ပြန်ပါတယ်။

လတ်တလောမှာ င်္ဘလားဒေ့ရှ့် အစိုးရအနေနဲ့ ထွက်ပြေးလာတဲ့ AA တပ်ဖွဲ့ဝင်ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့ထံလွဲပြောင်းကာ ဥပဒေအရ အရေးယူဖို့လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကိုးကား – Dhaka Tribune

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times