ရင်သားကင်ဆာဖြစ်နိုင်ချေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေ
ရင်သားကင်ဆာဖြစ်နိုင်ချေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေ
ရင်သားကင်ဆာက အချိန်မီ ရောဂါရှာဖွေသိရှိနိုင်ရင် အသက်တွေကို ကယ်တင်နိုင်တာမို့ အချိန်ခဏလောက်ယူပြီး မိမိရဲ့ရင်သားတွေကို ကြည့် ကြည့်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။
ရင်သားမှာ ပြောင်းလဲနေတာကို သတိပြုမိရင် ဆရာဝန်ထံသို့ သွားရောက်စစ်ဆေးခံပါလို့ ဆိုပါတယ်။
ရင်သားကင်ဆာရောဂါကို စောစီးစွာသိရှိတာကယေဘုယျအနေနဲ့ ကုသမှုအောင်မြင်ဖို့ အခွင့်အလမ်းကို တိုးမြင့်စေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားပါတယ်။
◉ ရင်သားကင်ဆာ လက္ခဏာတွေ
◉ နို့သီးခေါင်းပုံသဏ္ဍာန် ပြောင်းလာခြင်း
◉ နို့သီးခေါင်းက သွေးရည်ကြည် စိမ့်ထွက်ခြင်း
◉ ရင်သားတွင် အလုံးစမ်းမိခြင်း
◉ ရင်သားတဝိုက် အရောင်ပြောင်းလဲခြင်း
◉ ရင်သားအရေပြားသည် လိမ္မော်ခွံ့ကဲ့သို့ ပုံသဏ္ဍာန်ပြောင်းလာခြင်း
◉ ရင်သား(သို့) နို့သီးခေါင်း နာကျင်ခြင်း
◉ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေက
◉ ဆေးလိပ်မသောက်ပါနဲ့
◉ သင့်ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
◉ အရက်သောက်သုံးမှုကို ကန့်သတ်ပါ (သို့) ရှောင်ပါ
◉ မိမိရင်သွေးကို မိခင်နို့ တိုက်ကျွေးပါ
◉ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ပါ
◉ မလိုအပ်ဘဲ ဓာတ်ရောင်ခြည် ထိတွေ့ခြင်းကို ရှောင်ပါ
(World Health Organization- Myanmar မှ ရယူဖော်ပြထားတာဖြစ်ပါတယ်)
The Tanintharyi Times
