ခရီးသည် ၂၄၀ကျော်ပါ Air India လေကြောင်းလိုင်းပိုင် လေယာဉ်ပျက်ကျ
ခရီးသည် ၂၄၀ကျော်ပါ Air India လေကြောင်းလိုင်းပိုင် လေယာဉ်ပျက်ကျ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် အမက်ဒါဘတ်မြို့ကနေ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ကို ပျံသန်း ထွက်ခွာနေတဲ့ Air India လေကြောင်းလိုင်းပိုင် လေယာဉ်ပျက်ကျခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။
အဲ့ဒီလေယာဉ်မှာ ခရီးသည် ၂၄၂ ဦး လိုက်ပါသွား တယ်လို့သိရပြီး ဇွန်လ ၁၂ ရက် အိန္ဒိယစံတော်ချိန် နေ့လယ် ၁ နာရီ ၃၉ မိနစ်အချိန်တွင် ပျက်ကျသွားကြောင်းသိရပါတယ်။
အာမက်ဒါဘတ်မြို့ကနေ လန်ဒန်သို့ ပျံသန်းထွက်ခွာချိန် စက္ကန့်ပိုင်းအတွင်းမှာ “မေဒေး” လို့ အရေးပေါ် အချက်ပြဖုန်းခေါ်ဆိုခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားကာ ပျက်ကျသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလေယာဉ်ဟာ Air India လေကြောင်းလိုင်းပိုင် ဘိုရင်း AI171 လေယာဉ် ဖြစ်ပြီး လေယာဉ်ပျက်ကျရာနေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ ဒေသအာဏာပိုင်း သွားရောက်နေပြီး လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက်အား မသိရသေးပါဘူး။
ပျက်ကျသွားတဲ့ လေယာဉ်နဲ့ အတူ အိန္ဒိယနိုင်ငံသား ၁၆၉ ဦး ဗြိတိန်နိုင်ငံသား ၅၃ ဦးနဲ့ လေယာဉ်အမှုထမ်း တွေပါဝင်တယ်လို့သိရပါတယ်။
ကိုးကား – ရိုက်တာ

Connect Burma
The Tanintharyi Times