Total ရေနံကုမ္မဏီကငွေကြေးတွေ စစ်အုပ်စုလက်ထဲမရောက်ရှိစေရေး ပြင်သစ်အစိုးရနဲ့အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးစည်းရုံးဖို့ NUG ကို တိုက်တွန်းတောင်းဆို

Total ရေနံကုမ္မဏီကငွေကြေးတွေ စစ်အုပ်စုလက်ထဲမရောက်ရှိစေရေး ပြင်သစ်အစိုးရနဲ့အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးစည်းရုံးဖို့ NUG ကို တိုက်တွန်းတောင်းဆို

Total

Total ရေနံ ကုမ္မဏီက ငွေကြေးတွေ စစ်အုပ်စုလက်ထဲမရောက်ရှိစေရေး ပြင်သစ်အစိုးရနဲ့အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးစည်းရုံးဖို့ NUG ကို သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က အရေးပေါ်တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ပြင်သစ်အစိုးရအနေအရေးယူပိတ်ဆို့မှုမှာ ကင်းလွတ်ခွင့်ဆိုပြီးပါနေတဲ့အတွက် ကင်းလွတ်ခွင့်ကို Total ကုမ္ပဏီအတွက် ခွင့်ပြုပေးလိုက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၂၅၀အပြင် အစုရှယ်ယာများအား စစ်အုပ်စု ထိန်းချုပ်ထားတဲ့ MOGE ကို လွှဲပြောင်းပေးခဲ့ရမှာဖြစ်တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။

အဲဒါကြောင့် ပြင်သစ်အစိုးရအနေနဲ့ Total ကုမ္ပဏီကို ကင်းလွတ်ခွင့် အသုံးပြုတာ ခွင့်မပြုဘဲ စစ်အုပ်စုက ယူသုံးလို့မရတဲ့ တတိယအကောင့် {Escrow Account)မှာသာ သိမ်းဆည်းဖို့လိုအပ်နေတယ်လို့ ဆိုထားပါတယ်။

NUG အနေနဲ့လည်း Total ကုမ္ပဏီရဲ့ဆောင်ရွက်နေမှု တွေကို လက်ပိုက်ကြည့်နေတာအမြန်ဆုံး ရပ်တန့်ပြီး သက်ဆိုင်ရာ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာန အပါအဝင် ပြင်သစ် အစိုးရအဖွဲ့နဲ့ အမြန်ဆုံး တွေ့ ဆုံဆွေးနွေး စည်းရုံးဖို့ လိုအပ်မယ်လို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ (၇၀) ရာခိုင်နှုန်းကျော်ကို MOGE (မြန်မာ့ ရေနံနှင့်သဘာဝ ဓါတ်ငွေ့လုပ်ငန်း)က လက်ခံရရှိနေတာဖြစ်ပြီး စစ်အုပ်စုဟာ အဲဒီငွေတွေကို စစ်လက်နက်ပစ္စည်း ဝယ်ယူရေးမှာ အသုံးပြုနေတာဖြစ်ပါတယ်။

The Tanintharyi Times