မြို့ပြတွေမှာ ရေကြီးရေလျှံနေချိန် ဘယ်လိုကြိုတင်ကာကွယ်မှုတွေ ပြုလုပ်မလဲ
မြို့ပြတွေမှာ ရေကြီးရေလျှံနေချိန် ဘယ်လိုကြိုတင်ကာကွယ်မှုတွေ ပြုလုပ်မလဲ

◉သက်ဆိုင်ရာတာဝန်ရှိသူတွေက အကြုံပြုပါက မြေနိမ့်တဲ့နေရာတွေမှာ နေထိုင်သူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပါ။
◉မြေညီထပ်မှာ ရှိတဲ့လျှပ်စစ်ပစ္စည်းတွေကို လျှပ်စစ်နဲ့ ချိတ်ဆက်မှု ဖြုတ်ထားပါ။
◉ဓာတ်ငွေ့ယိုစိမ့်မှုရှိ၊ မရှိ စောင့်ကြည့်ပါ။
◉ဆေးလိပ်သောက်ခြင်း (သို့) ဖယောင်းတိုင်တွေ၊ မီးအိမ်တွေ (သို့) မီးကျည်တွေကို အသုံးပြုခြင်းက ရှောင်ကြဉ်ပါ။
◉ရေကိုကြိုချက်ပြီးမှ သောက်သုံးပါ။ (သို့) ကလိုရင်း ပါဝင်တဲ့ရေကို အသုံးပြုပါ။
◉ရေကြီးရေလျှံထားတဲ့ ရေတွေနဲ့ထိတွေ့ထားတဲ့ အစားအစာတွေကိုစားသုံးခြင်းက ရှောင်ကြဉ်ပါ။
◉ရေကြီး၊ ရေလျှံတဲ့ နေရာတွေကို ဝင်ရောက်တာ (သို့) ရေမြုပ်နေတဲ့ နေရာတွေကို ကားနဲ့ ဖြတ်သန်းမောင်းနှင်ခြင်းက ရှောင်ကြဉ်ပါ။
◉အဖုံးပွင့်နေတဲ့ မြောင်းပေါက်တွေ (သို့) ရေကြီးရေလျှံနေတဲ့ ရေထွက်ပေါက်တွေကို သတိထားပါ။ မတော်တဆမှုတွေ မဖြစ်စေဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ချက်ချင်းသတင်းပို့ပါ။
World Health Organization Myanmar ဖော်ပြချက်မှ ရယူဖော်ပြထားတာ ဖြစ်ပါတယ်။
The Tanintharyi Times