တနင်္သာရီ က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နဲ့ စစ်ဘေးရှောင်တွေမှာ ငှက်ဖျားအဖြစ်များနေ

တနင်္သာရီ က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နဲ့ စစ်ဘေးရှောင်တွေမှာ ငှက်ဖျားအဖြစ်များနေ

(ရုပ်သံသတင်း)

“အခုလက်ရှိကတော့ စစ်ဘေးရှောင်တွေနဲ့ ကျနော်တို့ရဲဘော်တွေအထဲမှာ အဖြစ်များနေတယ်။ ငှက်ဖျားဆေးတွေကလည်း လုံလုံလောက်လောက်မရှိဘူးဆိုတော့ ဆေးနဲ့ပတ်သက်ပြီးတော့ အခက်အခဲဖြစ်နေတာပေါ့နော်။ အရင်နှစ်ကအခုလိုချိန်မှာ ငှက်ဖျားမဖြစ်ဘူး။ အခုက အပြောင်းအလဲတွေဖြစ်နေတာဆိုတောာ့ ငှက်ဖျားက အချိန်မမှန်ပဲ ဖျားလာတာပါ။ အခု ခန့်မှန်းချေ လူ ၁၀၀ မှာဆို ထက်ဝက်ချိုး ၅၀ ရာခိုင်နှုန်းလောက်ဖြစ်နေကြတယ်။ ငှက်ဖျားဆေးကတော့ အရင်ကတည်းက သိုလှောင်မှုရှိပေမဲ့ အခုဖြစ်နေတာကအများနဲ့ဆိုတော့ ဟိုဘက်ကူးလိုက် ဒီဘက်ကူးလိုက် ဆေးတွေ မလောက်ဘူး။ ကျနော်တို့လည်းအတတ်နိုင်ဆုံး တခြားအလှူရှင်တွေဆီမှာလည်း အကူအညီတောင်းပေမဲ့ မလောက်ဘူးပေါ့်နော်။ ဆေးတွေက။ အခုက ဆေးတွေကတင်လို့လည်းမရဘူးလေ။ လမ်းကြောင်းတွေကလည်း အရမ်းကြပ်တယ်”

The Tanintharyi Times