ရွှေကုက္ကိုဒေသအနီး ထိုင်း​-မြန်မာနယ်စပ်မှာ ထိုင်းအထူးတပ်ဖွဲ့တွေ လုံခြုံရေးချထား

ရွှေကုက္ကိုဒေသအနီး ထိုင်း​-မြန်မာနယ်စပ်မှာ ထိုင်းအထူးတပ်ဖွဲ့တွေ လုံခြုံရေးချထား

ရွှေကုက္ကိုဒေသနဲ့ ထိစပ်နေတဲ့ ထိုင်းဘက်ကနယ်စပ်ခရိုင်တွေမှာ အထူးတပ်ဖွဲ့ဝင်တွေကိုမနေ့ကစပြီး လုံခြုံရေးချထားတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

ဖော်ပြထားတဲ့ သတင်းဓာတ်ပုံမှာတော့ ထိုင်းအထူးတပ်ဖွဲ့ဝင်အမှတ်(၃၅)ရိန်းဂျားတပ်ဖွဲ့က လက်နက်တွေကို အသင့်ပြင်ဆင်ထားတာတွေကို မြင်တွေ့ရပါတယ်။

စစ်ဘေးရှောင်တွေယာယီခိုလှုံနေတဲ့ မဲရာမက်ခရိုင်၊ ထဆောင်ယန်းခရိုင်နဲ့ တာ့ခရိုင်နယ်စပ်တစ်လျောက်မှာ တော်ဝင်ထိုင်းရဲတပ်ဖွဲ့အမှတ်(၃၅၀၁)၊ (၃၅၀၂)၊ (၃၅၀၃)နဲ့ (၃၅၀၆)တို့ ဘန်ဝမ်ဖမ်စစ်ရေးအခြေစိုက်စခန်းမှာ အင်အားချထားပြီး မြန်မာဖက်က အ​​​ခြေအနေတွေကိုစောင့်ကြည့်တဲ့ကိရိယာတွေပါ တပ်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် ရှမ်းကိုးရွာဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တုန်းကလည်း ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာ ခြံစည်းရိုးခတ်ပြီး လုံခြုံရေးအင်အားချထားခဲ့တဲ့လုပ်ရပ်တွေ ထိုင်းဘက်ကလုပ်ခဲ့ပါတယ်။

ကိုးကား-မဲဆောက်မီဒီယာ

The Tanintharyi Times