ပုလောမြို့နယ်မှာ တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ဦး သေဆုံး

ပုလောမြို့နယ်မှာ တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ဦး သေဆုံး

PDF
ဓာတ်ပုံ - Palaw People's Defense Force

ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲထပ်မံဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သား ၁ဦးသေဆုံးခဲ့တယ်လို့ ပုလော PDF ကသတင်းထုတ်ပြန်ပါတယ်။

မင်းဝင်းရွာအနီးမှာ ဒီနေ့ နံနက် ၉ နာရီ အချိန်က တိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ၂နာရီခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်က ရှမ်းဒွတ်၊ ကျောက်လိပ်၊ အမ်းမဝကျေးရွာတွေကို မနေ့က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် နေ့လည် ၂နာရီခွဲအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ကြပါတယ်။

အဲ့ဒီ တိုက်ပွဲမှာ စစ်တပ်ဘက်က တစ်ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပုလော PDF နဲ့ မဟာမိတ်တပ်ပေါင်းစုကတော့ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေမှာ ထိခိုက်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က ပြည်သူ့ နေအိမ်(၁) လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်တွေက အချိန်မှီပြန်လည်ငြိမ်းသတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

The Tanintharyi Times