ထားဝယ်မြို့က ကလေးသင်္ကြန်ပထမရက် ရေကစားသူမရှိသလောက်နည်းပါး
ထားဝယ်မြို့က ကလေးသင်္ကြန်ပထမရက် ရေကစားသူမရှိသလောက်နည်းပါး

ထားဝယ်မြို့က အခုနှစ် ကလေးသင်္ကြန် ရေကစားသူ မရှိသလောက်နည်းပါးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သင်္ကြန်ကာလမတိုင်ခင် ဧပြီလ ၁၁ ရက်နေ့ကစလို့ သုံးရက်ကို ထားဝယ်ဒေသမှာ ကလေးသင်္ကြန်အဖြစ်သတ်မှတ်ပြီး အစဥ်အဆက် ကလေးငယ်တွေ ရေကစားခဲ့တာဖြစ်ပါတယ်။
ဒီနေ့ဟာ ကလေးသင်္ကြန်ပထမရက်ဖြစ်ပေမဲ့ ထားဝယ်မြို့ပေါ်က နေရာအများစုမှာတော့ ရေကစားသူမရှိဘဲ ပုံမှန်အတိုင်းသွားလာနေကြတယ်လို့ မြိုခံတွေက ဆိုပါတယ်။
“ကလေးသင်္ကြန်ဆိုတာတောင်မေ့နေတယ်။ ပတ်ကြည့်တာ သုံးနေရာလောက်ပဲတွေ့တယ်။ တစ်မြို့လုံးမှာ ကစားနေတဲ့သူကလည်း လက်ချိုးရေလို့ရတယ်” လို့ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ထားဝယ်ခရိုင်အတွင်းက လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တွေမှာလည်း ဒီနေ့မှာ ရေပက်ကစားသူတွေမရှိဘဲ ပုံမှန်အတိုင်းပဲ သွားလာနေကြတယ်လို့ သိရပါတယ်။

ထားဝယ်ဒေသမှာ စစ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေဆောက်လုပ်ပြီး သင်္ကြန်ပွဲတော်ကျင်းပခဲ့ပေမဲ့ မြို့ခံအားလုံးနီးပါးက ပါဝင်ဆင်နွဲတာမရှိခဲ့ပါဘူး။
အခုနှစ်မှာလည်း ပြီးခဲ့တဲ့ အခုနှစ်မတ်လကုန်ပိုင်းကစလို့ စစ်ကောင်စီက ထားဝယ်မြို့ပေါ်မှာ သင်္ကြန်မဏ္ဍပ် သုံးခုဆောက်လုပ်နေပေမဲ့ အခုရက်ပိုင်းမှာတော့ တချို့ကိုပြန်ဖျက်တာနဲ့ တချို့ကိုဆက်မဆောင်ဘဲရပ်နားထားလိုက်တယ်လို့ သိရပါတယ်။
မြို့ခံတွေကတော့ ငလျင်ဘေးနဲ့ စစ်ရေးအခြေအနေတွေကြောင့် အခုနှစ်သင်္ကြန်ကို တိတ်တဆိတ်ဖြတ်သန်းသွားဖို့သာ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

The Tanintharyi Times