မောင်းမကန်ရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့ လင်မယားအသတ်ခံရပြီးနောက် လာစစ်ဆေးတဲ့ရဲကားမိုင်းဆွဲခံရ
မောင်းမကန်ရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့ လင်မယားအသတ်ခံရပြီးနောက် လာစစ်ဆေးတဲ့ရဲကားမိုင်းဆွဲခံရ

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့လင်မယားအသတ်ခံရပြီးနောက် လာရောက်စစ်ဆေးတဲ့ရဲကားကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Dawei Guerrilla Revolutionary Force-DGRF က ထုတ်ပြန်ပါတယ်။
ဒီနေ့ မွန်းလွဲ နှစ်နာရီဝန်းကျင်က မောင်းမကန်ရွာ၊ ကွက်သစ်မှာနေထိုင်တဲ့ ဦးအောင်မင်းထွန်းနဲ့ ဒေါ်စန်းစန်းအေးတို့ကို DGRF နဲ့ Launglone People Defense Force – LLPDF တို့ပူးပေါင်းပြီးရှင်းလင်းခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
သေဆုံးသူလင်မယားဟာ လက်နက်ကိုင်ဆောင်ကာ မူးယစ်ဆေးဝါးပေါ်ပေါ်ထင်ထင်ရောင်းဝယ်သူတွေဖြစ်ပြီး သူတို့အန္တရာယ်ရှိမယ်ဆိုရင် ရွာကိုမီးရှို့မယ်ဆိုပြီးခြိမ်းခြောက်ထားတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီနေအိမ်မှာ WY စိတ်ကြွဆေးပြား ၈၀ ပြား ၊ ICE ၁၅တောင့်၊ ဟန်းဖုန်းတစ်လုံး ၊ လက်ပစ်ဗုံး၂လုံး ၊ ရိုင်ဖယ်ကျည် ၂တောင့် နဲ့ တစ်သိန်းလေးသောင်းသုံးရာကျပ် ပါ ငွေစက္ကူတစ်ထုပ်သိမ်းဆည်းခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
ဖြစ်စဥ်ဖြစ်ပွားပြီး ၁၅မိနစ်ခန့်အကြာမှာ အဲဒီအိမ်ကို လာရောက်တဲ့ မောင်းမကန်ရဲစခန်းက ရဲကားကို ကြိုတင်ပြီးထောင်ထားတဲ့ အင်အားပြင်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ DGRF က ထုတ်ပြန်ထားပါတယ်။
အဲဒီကားမှာ မောင်းမကန်စခန်းမှူးအပါအဝင် ရပ်တပ်ဖွဲ့ဝင်ငါးဦးလိုက်ပါလာပြီး မိုင်းဆွဲခံရမှုကြောင့် မောင်းမကန်စခန်းမှူး ၊ နယ်ထိန်းတစ်ဦးနဲ့ ရဲတပ်သားတစ်ဦးအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
The Tanintharyi Times