မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် ကံပေါက်-မြိုင်ကလေး-ရန်ကုန် ဓာတ်ငွေ့ပိုက်လိုင်းမိုင်းခွဲခံရ
မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် ကံပေါက်-မြိုင်ကလေး-ရန်ကုန် ဓာတ်ငွေ့ပိုက်လိုင်းမိုင်းခွဲခံရ
ထားဝယ်ခရိုင်၊ ကံပေါက်ဒေသကနေသွယ်တန်းထားတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ မနေ့က မွန်ပြည်နယ်မှာမိုင်းခွဲခံရပြီးမီးလောင်ခဲ့ပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ဇုတ်သုတ်ရွာအနီး မတ်လ ၉ ရက်နေ့ မနက် ၄ နာရီခွဲအချိန်မှာ မိုင်းခွဲခံခဲ့ရတာပါ။ ဒီဖောက်ခွဲမှုကိုဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာတော့မသိရသေးပါဘူး။
မိုင်းခွဲခံရတဲ့ဖြစ်စဥ်ကြောင့် ရန်ကုန်မှာရှိတဲ့ လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက ဓာတ်အားစနစ်ထဲကို ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု ၅၅ မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။
အဲဒီ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ၂၀၂၂ ခုနစ် သြဂုတ်လ ၉ ရက်နေ့ကလည်း နှစ်ကြိမ်ဖောက်ခွဲခံခဲ့ရဖူးပါတယ်။ ဒေသအခြေ တွေဖြစ်တဲ့ ကံပေါက်ကာကွယ်ရေးအဖွဲ့(KBDF) နဲ့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) တို့က ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။
The Tanintharyi Times
