ဆီးရီးယားမြို့တော် ဒမတ်စကတ် လွတ်မြောက်ပြီ လို့ကြေညာ ၊ အာဏာရှင် အာဆတ်ထွက်ပြေး

ဆီးရီးယားမြို့တော် ဒမတ်စကတ် လွတ်မြောက်ပြီ လို့ကြေညာ ၊ အာဏာရှင် အာဆတ်ထွက်ပြေး

ဆီးရီးယား မြို့တော် ဒမတ်စကတ် လွတ်မြောက်ပြီလို့ အာဏာရှင် အာဆတ်အစိုးရ ကို တွန်းလှန်နေတဲ့ အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ ဟာရက် တီဟာ အရှမ် (Hayat Tahrir al-Sham – HTS) အဖွဲ့ က ကြေညာလိုက်ပါတယ်။

၁၉၇၀ စတင်ခဲ့တဲ့ အာဆတ် မိသားစုတည်ထောင်ထားတဲ့နှစ်ပေါင်း ၅၄ကြာ အာဏာရှင်စနစ် ဆီးရီးယားမှာ အဆုံးပြီ လို့ဆိုပါတယ်။

ဆီးရီးယား သမ္မတ ဘာရှာ အဲလ် အာဆတ်ဟာ တနင်္ဂနွေနေ့ကတည်း နိုင်ငံကနေထွက်ပြေးသွားတာဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေ မှာဖော်ပြထားပါတယ်။

ဟာရက် တီဟာ အရှမ် (Hayat Tahrir al-Sham – HTS) အဖွဲ့ ရဲ့ ခေါင်းဆောင် ခေါင်းဆောင် အဘူမိုဟာမက် အယ် ဂျိုလန်နီက “ ကျွန်တော်တို့ အနေနဲ့ မြို့တော် ဒမတ်စကတ်အာဏာရှင်အာဆတ်လက်အောက်က ကိုလွတ်မြောက်ကြောင်း ကြေညာနိုင်ခဲ့ပါပြီ” လို့ သူရဲ့ တယ်လီဂရမ်ကနေတဆင့် လူထုကိုအသိပေးခဲ့ပါတယ်။

“အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာအနှံ့အပြား ကိုရောက်သွားတဲ့ဒုက္ခသည်တွေကိုလည်း လွတ်လပ်တဲ့ ဆီးရီးယား က ပြန်လည်စောင့်ကြိုနေပါပြီ” လို့ အဘူမိုဟာမက် အယ် ဂျိုလန်နီက ရဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ဒီနေ့ မနက်အစောပိုင်းမှာပဲ HTSတပ်ဖွဲ့တွေဟာ မြို့တော် ဒမတ်စကက် က Saydnaya အကျဥ်းထောင်ကို ထိန်းချုပ်ခဲ့ပြီး အာဆတ်အစိုးရ ဖမ်းထားတဲ့ အတိုက်အခံနိုင်ငံရေး အကျဉ်းသားတွေ နဲ့ တခြား အကျဉ်းသားတွေကို လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

The Tanintharyi Times