မင်းတပ်မြို့ က ဘော်ဒါဆောင်ကို စစ်တပ်ဗုံးကြဲလို့ မသန်စွမ်း အမျိုးသမီးတစ်ဦး နဲ့ ကျောင်းသား ၃ ဦးသေဆုံး

မင်းတပ်မြို့ က ဘော်ဒါဆောင်ကို စစ်တပ်ဗုံးကြဲလို့ မသန်စွမ်း အမျိုးသမီးတစ်ဦး နဲ့ ကျောင်းသား ၃ ဦးသေဆုံး

ချင်းပြည်နယ်၊မင်းတပ်မြို့နယ် ၊ တိုက်နယ် အမှတ်(၂)က ကျေးရွာ နှစ်ရွာကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲ တိုက်ခိုက်လို့ ကျောင်းသားတွေရှိနေတဲ့ ဘော်ဒါဆောင်ကို ထိမှန်ပြီး မသန်စွမ်း အမျိုးသမီးတစ်ဦး နဲ့ ကျောင်းသား ၃ ဦးသေဆုံးခဲ့တယ်လို့ CDF မင်းတပ် တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၇ နာရီ ဝန်းကျင်မှာ စစ်တပ်က မင်းတပ်မြို့နယ် ၊ တိုက်နယ် (၂) က ကျေးရွာ နှစ်ရွာကို စစ်တပ်က သုံးကြိမ်ခန့် လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားတွေ ပညာသင်ကြားနေတဲ့ ဘော်ဒါဆောင် ကို ဗုံးတွေ ကျရောက်ပေါက်ကွဲပြီး ကျောင်းသား ၃ ဦး နဲ့ မသန်စွမ်း အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကာ တခြား ၁၀ ဦးလည်း ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘော်ဒါဆောင်စာသင်ဆောင်တွေ အပါဝင် နေအိမ် ၆ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၄ ရက်ကလည်း မင်းတပ်မြို့ရဲ့ နေရာ ၂ ရာကို လေကြောင်းမှ ဗုံး ၂ကြိမ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ နေအိမ် အဆောက်အဦးများ ပျက်စီးခဲ့တယ် လို့ သိရှိရပါတယ်။

Connect Burma

The Tanintharyi Times