Move Forward ပါတီ ကို People’s Party အမည်နဲ့ ပါတီသစ်ထူထောင်
Move Forward ပါတီ ကို People’s Party အမည်နဲ့ ပါတီသစ်ထူထောင်
လွန်ခဲ့တဲ့ နှစ်ရက်ကဖျက်သိမ်းခံရတဲ့ Move Forward ပါတီဝင်တွေ က People’s Party အမည်နဲ့ ပါတီသစ်ထူထောင် ဒီကနေ့ မနက်ပိုင်း မှာ ထိုင်းလူထုကို အသိပေးခဲ့ပါတယ်။
Move Forward ပါတီ (MFP) က လွှတ်တော်အမတ် ၁၄၃ ဦးစလုံးဟာ ထိုင်းဘာသာ နဲ့ ဖတ်ပချာချွန်း လို့ အမည်ရတဲ့ People’s Party မှာပြန်လည်ပါဝင်မှာဖြစ်ပါတယ်။
ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံရဲ့ အမြင့်ဆုံး အာဏာဟာ ပြည်သူထူလုရဲ့ လက်ထဲမှာသာ ရှိတာကြောင့် People’s Party လို့အမည်ပေးတာဖြစ်ပါတယ်လို့ ပါတီ အသစ်ပြန်လည်ထူထောင်ကြောင်းကြေညာတဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
ပါတီခေါင်းဆောင်အသစ်အဖြစ် ရွေးကောက်ပွဲ နှစ်ကြိမ် ဆက်တိုက်အနိုင်ရထားတဲ့ အောက်လွှတ်တော် အမတ် နတ်သပေါင် ရိယာန်ပန်ညာဝိထိ (Natthaphong Ruengpanyawut) ခန့်အပ်လိုက်ပါတယ်။
လက်ရှိ ပါတီခေါင်းဆောင်သစ်ဟာ ချူလာလောင်ကွန်းတက္ကသိုလ်က ကွန်ပျူတာအင်ဂျင်နီယာမေဂျာဖြင့် ဘွဲ့ရထားသော အသက် ၃၇ အရွယ်ရှိသေးတဲ့ထိုင်းအတိုက်အခံပါတီရဲ့ တတိယမျိုးဆက် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
Move Forward ပါတီ ဖျက်သိမ်းမခံရမီ က ပါတီဝင်လွှတ်တော်အမတ် ၁၄၈ နေရာရှိခဲ့ပြီး အခြေခံဥပဒေခုံရုံး က ပါတီခေါင်းဆောင်ဟောင်း ဖိတာ လင်ဂျာရိုရတ် နဲ့ တခြား အမတ်တွေကို နိုင်ငံရေး နဲ့ ဆယ်နှစ်မပတ်သက်ဖို့ အမိန့် ချခဲ့တာကြောင့် အမတ်နေရာ ၅ နေရာလက်လွှတ်ခဲ့ရပါတယ်။
ပါတီ အမည် နဲ့ တချို့ အပြောင်းအလဲတွေ ရှိမှာဖြစ်ပေမဲ့ မူရင်းရည်ရွယ်ချက်တွေကို တော့ ပြောင်းလဲ သွားမှာမဟုတ်ဘူးလို့လည်း People’s Party ထူထောင်ကြောင်းထုတ်ပြန်ချက်မှာထည့်သွင်းရေးသားထားပါ တယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က ထိုင်း အခြေခံဥပဒေခုံရုံးဟာ လူငယ်တွေ နဲ့ မြို့ပြမှာနေထိုင်တဲ့ ထိုင်းပြည်သူ အများအပြားကတခဲနက်မဲပေးခဲ့တဲ့ Move Forward ပါတီ ကိုဖျက်သိမ်းခဲ့တဲ့ အပြင် ပါတီခေါင်းဆောင်ဟောင်း ဖိတာ လင်ဂျာရိုရတ် နဲ့ လက်ရှိပါတီခေါင်းဆောင်လည်းဖြစ် ၊ အထွေထွေအတွင်းရေးမှူးဟောင်း လည်းဖြစ်တဲ့ ချိုင်းသဝပ် တူလာသွန် အပါအဝင် အမှုဆောင် ၁၁ ဦးကိုလည်း နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်လိုက်ပါတယ်။
Ref – ဘန်ကောက်ပိုစ် ၊ People’s Party
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
