KNU တပ်မဟာ ၁ သထုံခရိုင်မှာ ၆ လအတွင်း တိုက်ပွဲနှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား လေးရာကျော်သေ
KNU တပ်မဟာ ၁ သထုံခရိုင်မှာ ၆ လအတွင်း တိုက်ပွဲနှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား လေးရာကျော်သေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ အမှတ် ၁ တပ်မဟာ အုပ်ချုပ်နယ်မြေမှာ ၆ လအတွင်းတိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
နယ်မြေကျူးကျော်ပြီး စစ်ရေးလှုပ်ရှားလာတဲ့စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံတပ်တွေ တိုက်ပွဲပေါင်း ၂၀၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၄၅ ဦးသေဆုံး၊ ၃၂၂ ဦးဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
KNU ဘက်ကို လက်နက်ချအလင်းဝင်လာသူက သုံးဦးရှိတယ်လို့ဆိုပါတယ်။
KNLA၊ KNDO ပူးပေါင်းတပ်ဘက်ကတော့ ၇ ဦးကျဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times