အိမ်စီးကားနဲ့လာတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်း သေနတ်နဲ့ပစ်လို့ လမ်းမှာစစ်ဆေးနေတဲ့ PDF နှစ်ဦးကျဆုံး
အိမ်စီးကားနဲ့လာတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်း သေနတ်နဲ့ပစ်လို့ လမ်းမှာစစ်ဆေးနေတဲ့ PDF နှစ်ဦးကျဆုံး
ထားဝယ်-ထီးခီးလမ်းပေါ်က မေတ္တာမြို့၊ ဝကုန်းရွာမှာ အိမ်စီးကားမောင်းနှင်လာတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်း သေနတ်နဲ့ပစ်လို့ လမ်းမှာ ကားရပ်ခိုင်းပြီးစစ်ဆေးနေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တယ်လို့သိရပါတယ်။
ဒီဖြစ်စဥ်ဟာ ဒီနေ့ ညနေ ၃ နာရီဝန်းကျင်က ဖြစ်ပွားတာဖြစ်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကအတည်ပြုပြောဆိုပါတယ်။
ကားပေါ်က ပစ်ခတ်ခဲ့သူဟာ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်း ဦးညီညီသိန်းဆိုသူဖြစ်ပြီး ကျောက်မဲတောင်ရွာမှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။
ဦးညီညီသိန်းဟာ ထားဝယ်ဘက်ကနေ အိမ်စီးကားအဖြူရောင်ကို တစ်ဦးတည်းမောင်းနှင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးတဲ့အချိန်မှာပစ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဧပြီလ ၂၆ ရက်ကလည်း ထားဝယ်မြို့နယ် မဲချောင်းရွာအနီး လမ်းပေါ်မှာစစ်ဆေးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကားပေါ်ပါလာတဲ့ စစ်သားတွေကပစ်ခတ်လို့တိုက်ပွဲဖြစ်ပွားခဲ့ဖူးပါတယ်။
The Tanintharyi Times
