မြန်မာအရေး တွေ့ဆုံဆွေးနွေးပွဲစတင်ဖို့ ထိလွယ်ရှလွယ်ပြသနာတွေ ဘက်ပေါင်းစုံက ရှိနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော
မြန်မာအရေး တွေ့ဆုံဆွေးနွေးပွဲစတင်ဖို့ ထိလွယ်ရှလွယ်ပြသနာတွေ ဘက်ပေါင်းစုံက ရှိနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော
မြန်မာ စစ်ကောင်စီ နဲ့ တော်လှန်ရေး အဖွဲ့ တွေကြား တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ ထိလွယ်ရှလွယ် တဲ့ ပြသနာတွေ ဘက်ပေါင်းစုံကရှိနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင် က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပြင်းထန်လာတာ နဲ့ ပတ်သက်လို့ ထိုင်းအစိုးရ အဖွဲ့အတွင်း ပြုလုပ်တဲ့ အစည်းအဝေး အပြီးမှာ ထိုင်းဝန်ကြီးချုပ်က အခုလို ပြောဆိုခဲ့တာဖြစ်တယ်လို့ ရိုက်တာ က ဆိုပါတယ်။
“ မြန်မာနိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်နေတဲ့ အဖွဲ့အားလုံး စကားပြောဆိုဆွေးနွေးရမယ့် ကိစ္စ ဖြစ်ပါတယ်” လို့ ဆရက်သာ သာဗီဆင် ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အာဏာသိမ်း စစ်တပ်ဟာ ယုတ်လျော့ အားနည်းမှုတွေ ရှိလာပြီ ဖြစ်တာကြောင့် လက်ရှိကာလဟာ မြန်မာ့အရေးအတွက် ဆွေးနွေးမှုတွေ လမ်းဖွင့်နိုင်ဖို့ အသင့်တော်ဆုံးလို့ ပြောဆိုထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေး မြို့ မြဝတီမှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်း အတော်များများ ကို တော်လှန်ရေး တပ်ဖွဲ့တွေ က သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကိုထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
မြန်မာအရေး နဲ့ ပတ်သက်တဲ့ ထိုင်းအစိုးရ အဖွဲ့ အစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ နုကာရာ ကလည်း မြန်မာရေးမှာ ဘက်မလိုက်ပဲ ကြားနေ အဖြစ်ဆက်လက်ရပ်တည်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာ နိုင်ငံက နေရပ်စွန့်ခွာသူ ၁၀၀,၀၀၀ ကျော်လောက်ကို လက်ခံနိုင်ဖို့ စီစဉ်ထားတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ရိုက်တာသတင်းဌာန နဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ထိုင်းဝန်ကြီး ချုပ် ဆရက်သာ သာဗီဆင်က မြန်မာစစ်အုပ်ဟာ အင်အားယုတ်လျော့ မှုတွေ ရှိလာနေပြီး တစ်ဖက်မှာလည်း အာဏာ နဲ့ လက်နက်တွေ ရှိနေသေး တာကြောင့် အခု အချိန်ဟာ ညှိနှိုင်း ဆွေးနွေးဖို့ အချိန်ကောင်းဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Connect Burma
(ယခု ဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
