ထောင်ထဲမှာ အင်္ကျီတစ်ထည်
ထောင်ထဲမှာ အင်္ကျီတစ်ထည်
ထောင်ထဲမှာ အကျဉ်းသားတော်တော်များများက မိသားစုနဲ့ အဆက်အသွယ်မရကြတာကြောင့် ထောင်ဝင်စာပစ္စည်းတွေလည်း မပို့နိုင်ကြပါဘူး။ ထောင်ကလည်း ပြည့်စုံလုံလောက်အောင် မထောက်ပံ့ပေးပါဘူး။ ထောင်ထဲမှာ လိုအပ်တဲ့ အသုံးအဆောင်တွေအတွက် ပိုက်ဆံလိုပါတယ်။ ပိုက်ဆံတော့ မကိုင်ကြရပါဘူး။ ကော်ဖီထုပ်ဟာ ပိုက်ဆံပါပဲ။ ဒီတော့ ကော်ဖီရဖို့ ကြုံရာကျပန်းနည်းနဲ့ ရှာဖွေတတ်ကြရပါတယ်။
တချို့က အဝတ်လျှော်တယ်။ လျှော်ခက တစ်ထည်ကို ကော်ဖီတစ်ထုပ် ဖြစ်ပါတယ်။ နှိပ်တတ်သူက အနှိပ်သည်လုပ်ကြပါတယ်။ တစ်နာရီ နှိပ်ပေးရင် ကော်ဖီထုပ် ငါးထုပ်ရပါတယ်။ စိုက်ခင်းရေလောင်းရင် တစ်မနက်ခင်းကို ကော်ဖီသုံးထုပ်ရပါတယ်။ တာဝန်ကျ အကျဉ်းသားတွေက ကိုယ်မလုပ်ချင်တဲ့အခါ အဲဒီလို လူငှားပြီး လုပ်ခိုင်းကြရတာပါ။ လုပ်အားခတွေက အဲဒီလောက်ပဲ တန်ကြေးရှိကြပါတယ်။ ငွေကြေးတန်ဖိုးအရ ဘာမှ တန်ဖိုးမရှိတဲ့ ဘဝတွေပါပဲ။
ရင့်ပြည့်
The Tanintharyi Times