ပျူစောထီးခေါင်းဆောင်ပိုင်ဆိုင်တဲ့ စစ်ကောင်စီထုတ်ဘီယာတွေနဲ့ အရက်လိုင်စင်ကို လောင်းလုံးPDFဖျက်ဆီး
ပျူစောထီးခေါင်းဆောင်ပိုင်ဆိုင်တဲ့ စစ်ကောင်စီထုတ်ဘီယာတွေနဲ့ အရက်လိုင်စင်ကို လောင်းလုံးPDFဖျက်ဆီး
လောင်းလုံးမြို့နယ်က ပျူစောထီးခေါင်းဆောင်ပိုင်ဆိုင်တဲ့ စစ်ကောင်စီထုတ်ဘီယာတွေနဲ့ အရက်ဘီယာလိုင်စစ်ကို လောင်းလုံးPDFက တားဆီးစစ်ဆေးပြီး ဖျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
မနေ့က နေ့လည် ၁၂နာရီ ကျော်မှာ လောင်းလုံးမြို့နယ် ကြက်ယက်တွင်းကျေးရွာနဲ့သပြေရှောင်ကျေးရွာကြားမှာ ပစ္စည်းတွေတင်လာတဲ့ကားကို တားဆီး စစ်ဆေးပြီးအခုလို ဖျက်ဆီးခဲ့တာပါ။
ဖျက်ဆီးခံခဲ့ရတဲ့ ဘီယာတွေဟာ စစ်ကောင်စီထုတ်ဒဂုံဘီယာအမျိုးအစားတွေဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့ အရက်၊ ဘီယာလိုင်စင်ကတော့ ပျူစောထီးခေါင်းဆောင် ဦးချစ်စမ်းမောင်ရဲ့လိုင်စင်ဖြစ်ပါတယ်။
ဒီနှစ်ဇူလိုင်လ ၂၃ရက်နေ့ကလည်း ပျူစောထီးခေါင်းဆောင်ဦးချစ်စမ်းမောင်ရဲ့ အရက်နဲ့ဘီယာအများအပြားကို လောင်းလုံးPDFက ဖမ်းဆီးပြီးဖျက်ဆီးခဲ့ဖူးပါတယ်။
စစ်ကောင်စီထုတ်ကုန်တွေကို ဝယ်ယူသုံစွဲခြင်းမပြုကြဖို့ တော်လှန်ရေးအင်အားစုအသီးသီးတားမြစ်ထားသလို တနိုင်ငံလုံးကပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း ဖမ်းဆီး၊ ဖျက်ဆီးတာတွေကို ပြုလုပ်နေပါတယ်။
The Tanintharyi Times
