ဂါဇာကမ်းမြောင်ဒေသ မှာ အစ္စရေး နဲ့ ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့အကြားတိုက်ပွဲ ပြင်းထန်နေ
ဂါဇာကမ်းမြောင်ဒေသ မှာ အစ္စရေး နဲ့ ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့အကြားတိုက်ပွဲ ပြင်းထန်နေ
ဂါဇာကမ်းမြောင်ဒေသ မှာပါလက်စတိုင်း ဟားမတ်စ် အဖွဲ့ နဲ့ အစ္စရေးတို့ အကြားတိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက် သေဆုံးသူ နဲ့ ဒဏ်ရာရသူ အများအပြားရှိနေတယ်လို့ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။
ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့က အစ္စရေးဘက်ကို ရော့ကတ်ဒုံးကျည် ထောင်ချီပစ်လွှတ်တိုက်ခိုက်ပြီးနောက် ပိုင်း အစ္စရေး ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာ ကြောင့် တိုက်ပွဲပြင်းထန်နေပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ဂျူးဘာသာဝင် တွေရဲ့ အားလပ်ရက်မှာ ဟားမတ်စ်အဖွဲ့က ရော့ကတ်ဒုံးကျည် ၅၀၀၀ ကျော်ကို စတင်ပစ်ခဲ့ပြီး မြေပြင်ကလည်း အစ္စရေးနယ်မြေအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၂၅၀ ကျော်သေဆုံး ကာ ၁၅၉၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံတကာ သတင်းဖော်ပြချက်တွေ အရသိရပါတယ်။
အစ္စရေး ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း ပါလက်စတိုင်း ၂၃၀ ကျော်သေဆုံးပြီး ၁၆၀၀ ကျော်ဒဏ်ရာရကြောင်း ပါလက်စတိုင်းအာဏာပိုင်တွေကဆိုပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတာယာဟူက လည်း ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ကို တန်ပြန်စစ်ကြေညာခဲ့ပါတယ်။
Connect Burma
The Tanintharyi Times
