ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ၁၀ဦးသေဆုံး ၊ ၁၅ဦးဒဏ်ရာရ
ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ၁၀ဦးသေဆုံး ၊ ၁၅ဦးဒဏ်ရာရ
ကျိုက်ထိုမြို့နယ်က KNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီယာဥ်တန်းကို KNLA နဲ့ပူးပေါင်းတပ်တွေ မနေ့ကမနက်၈နာရီခွဲဝန်းကျင်အချိန်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KNUဗဟိုကထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပဲခူးဘက်ကနေ သထုံဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားအပြည့်နဲ့ မောင်းနှင်လာချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ်အနည်းငယ်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
KNLA နဲ့ ပူးပေါင်းအဖွဲတို့ဘက်ကတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ KNUဗဟိုထုတ်ပြန်ချက်အရ သိရပါတယ်။
ယခုတစ်ပတ်အတွင်း KNU-သထုံခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှုနဲ့ စစ်အင်အားတိုးချဲ့လာတာတွေကြောင့် နယ်မြေခံ KNLA/KNDOပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားလျှက် ရှိတယ်လို့လည်းသိရပါတယ်။
The Tanintharyi Times
