စစ်ကောင်စီတပ်သားတွေနဲ့ ရိက္ခာတွေကို သယ်ယူပို့ဆောင်နေတဲ့ မြေတင်ကား သရက်ချောင်းမှာ မီးရှို့ဖျက်ဆီးခံရ
စစ်ကောင်စီတပ်သားတွေနဲ့ ရိက္ခာတွေကို သယ်ယူပို့ဆောင်နေတဲ့ မြေတင်ကား သရက်ချောင်းမှာ မီးရှို့ဖျက်ဆီးခံရ
သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ရိက္ခာတွေကိုသယ်ယူပို့ဆောင်နေတဲ့ မြေတင်ကားတစ်စီး ဒီနေ့နေ့လည်ပိုင်းမှာ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ရှင်မုတ္ထီးကျေးရွာနဲ့ ကင်းရှေ့ကျေးရွာကြားမှာ ကားကိုတားဆီးစစ်ဆေးပြီးနောက် နေ့လည် ၁၂နာရီအချိန်လောက်မှာ အခုလိုမီးရှို့ဖျက်ဆီးလိုက်တာဖြစ်တယ်လို့သိရပါတယ်။
“ဒီမြေကားအနီရောင်ကို စစ်ကောင်စီတပ်သားတွေအသုံးပြုနေတာကြာပြီ။ စစ်ကားမသုံးရဲတဲ့အချိန်ဒီကားကိုသုံးကြတာ” လို့ဒေသခံတစ်ဦးကပြောပါတယ်။
ဒီကားနဲ့ စော်ဖျားကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တင်ဆောင်ပြီးသွားလာတာ၊ သူတို့ရဲ့ ရိက္ခာတွေတင်တာတွေကိုအဓိကပြုလုပ်တယ်လို့သိရပါတယ်။
ယာဥ်မောင်းဖြစ်သူကိုတော့ စစ်ဆေးပြီးနောက်မှာ ပြန်လည်လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။
ဧပြီလ ၂၈ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ၊ ကြက်ယက်တွင်းကျေးရွာမှာ မိုင်တဲတာဝါတိုင်ကိုဆီလာဖြည့်တဲ့ဆီကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
The Tanintharyi Times
