စစ်ကောင်စီဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲ DKBA အပါအဝင် အဖွဲ့ ငါးဖွဲ့ တက်မယ်

စစ်ကောင်စီဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲ DKBA အပါအဝင် အဖွဲ့ ငါးဖွဲ့ တက်မယ်

ဓာတ်ပုံ - စစ်ခေါင်းဆောင်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေတွေ့ဆုံစဥ်။ (ပုံဟောင်း)

စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်က သူကိုယ်တိုင် တွေ့ဆုံမယ်ဆိုပြီး ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)အပါအဝင် အဖွဲ့ ငါးဖွဲ့တက်မယ်လို့ RFAက ဖော်ပြထားပါတယ်။

တက်မယ့်အဖွဲ့တွေက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ဖြစ်ပါတယ်။

ကျောင်းသားတပ်မတော်(ABSDF) ကတော့ တက်ရောက်မှာ မဟုတ်ဘူးလို့ ဒီကနေ့ ထုတ်ပြန်ချက်ထုတ်ပြီး ပြောဆိုထားပါတယ်။

KIO၊ KNU၊ KNPPနဲ့ CNF တို့ကလည်း ဆွေးနွေးပွဲတက်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဒီတပတ်တည်းမှာပဲ စာတွေ ထုတ်ပြန်ထားတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မနက်ဖြန် မေလ ၉ ရက်နေ့ နောက်ဆုံးထား စာရင်းပေးပို့ရမှာပါ။