နိုင်ငံသားသတင်းစာပညာလက်စွဲ (၁)

နိုင်ငံသားသတင်းစာပညာလက်စွဲ (၁)

လူ့အဖွဲ့အစည်းတစ်ခုဟာ အရေးကြီးတဲ့ အမှောင်ခတ်ကိုရောက်နေပြီဆိုရင် နိုင်ငံသားသတင်းစာပညာနဲ့ Citizen Journalists (CJ) လို့ ခေါ်တဲ့ နိုင်ငံသားသတင်းသမားတွေရဲ့ အခန်းကဏ္ဍဟာ ရှေ့တန်းရောက်လာပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်ရေးပဋိပက္ခတွေအောက်မှာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေစီးဆင်းနိုင်ဖို့ ဒေသအသီးသီးမှာ နိုင်ငံသားသတင်းသမားခေါ် စီဂျေတွေ ပေါ်ထွန်းလာဖို့အရေးကြီးပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းမှာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေစီးဆင်းနိုင်ဖို့အတွက် အားကြိုးမာန်တက်ဆောင်ရွက်နေကြတဲ့ နိုင်ငံသားသတင်းသမားခေါ် စီဂျေတွေအတွက် တစ်ထောင့်တစ်နေရာက အကူအညီဖြစ်စေဖို့ ရည်ရွယ်ပြီး နိုင်ငံသားသတင်းစာပညာအကြောင်းကို အခန်းဆက်မျှဝေသွားမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ နိုင်ငံသားသတင်းစာပညာဆိုတာဘာလဲ ဆိုတဲ့အကြောင်းကို ဆွေး‌နွေးမှာဖြစ်ပါတယ်။

The Tanintharyi Times