Move Forward ပါတီကို ဖျက်သိမ်းပြီး ဖိတာနဲ့ ပါတီခေါင်းဆောင်တွေ နိုင်ငံရေးမှာပါဝင်ခွင့် ဆယ်နှစ်ပိတ်ပင်

Move Forward ပါတီကို ဖျက်သိမ်းပြီး ဖိတာနဲ့ ပါတီခေါင်းဆောင်တွေ နိုင်ငံရေးမှာပါဝင်ခွင့် ဆယ်နှစ်ပိတ်ပင်

ပုံစာ - သတင်းစာရှင်းလင်းပွဲ တစ်ခုမှာတွေ့ရတဲ့ Move Forward ပါတီခေါင်းဆောင်ဟောင်း ဖိတာ။

Move Forward ပါတီကို ဖျက်သိမ်းပြီး ဖိတာ နဲ့ ပါတီခေါင်းဆောင်တွေ နိုင်ငံရေးမှာပါဝင်ခွင့် ဆယ်နှစ်ပိတ်ပင်ကြောင်း ထိုင်းဖွဲ့စည်းပုံအခြေခံဥပေဒ ခုံရုံးက အမိန့်ချလိုက်ပါတယ်။

“ ဘုရင်စနစ်ကို ကာကွယ်ဖို့အတွက် Move Forward ပါတီကို ဖျက်သိမ်းရေး အမိန်ပေးရရုံမှတပါး တခြားရွေးစရာနည်းလမ်းမရှိဘူး” လို့ ဖွဲ့စည်းပုံခြေခံဥပဒေ ခုံရုံးတာဝန်ရှိသူတစ်ဦးက ဩဂုတ်လ ၇ ရက်နေ့မှာပြုလုပ်တဲ့ ကြားနာပွဲ မှာပြောကြားခဲ့တာဖြစ်ပါတယ်။

Move Forward ပါတီ နဲ့ ပါတီခေါင်းဆောင်ဟောင်း ဖိတာ ဟာ ဘုရင်စနစ်ကို အသရေဖျက်မှု ဥပဒေ ကိုပြင်ဆင်ဖို့ ကြိုးစားတာ ဟာ ဘုရင်စနစ် ပြိုလဲသွားစေဖို့ ဦးတည်ကြောင်း အခြေခံ ဥပဒေခုံရုံး တာဝန်ရှိသူတွေ ကပြောဆိုခဲ့တာဖြစ်ပါတယ်။

ထိုင်းဘုရင် နဲ့တော်ဝင်မိသားစုတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်း တဲ့ Move Forward ပါတီ ရဲ့ မူဝါဒ နဲ့ မဲဆွယ်ကတိ တွေဟာ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ထိုင်းရွေးကောက်ပွဲ ကော်မရှင်က အခြေခံဥပဒေခုံရုံး ကို ပြီးခဲ့မတ်လ က တိုင်ကြားခဲ့ပြီး ဒီကနေ့မှာကြားနာခဲ့တာဖြစ်ပါတယ်။

The Tanintharyi Times