အသဲကွဲ ဇာတ်
အသဲကွဲ ဇာတ်
အာဏာရူး ဘီလူးကို တော်လှန်ဖို့
နှောင်ကြိုးတွေ အဆုံး
ဖောင်ဖျက်ခဲ့။
အခုတော့
ကျည်နဲ့ ပြောင်း
လေးနဲ့မြှား
စီးချင်းထိုး ဇာတ်ကြီးထဲ
အာဏာရူးတွေဆီ လှည့်ထားတဲ့ပြောင်းနဲ့ကျည်ဟာ
ငါ့ဆီ လှည့်လို့။
ပြီးရင်
“ဤခရီးနီးသလား” သီချင်းတွေ
အခါတသန်းလောက် ပြန်ကျော့ ဖွင့်ကြဦးမယ်။
အသဲကွဲတယ်
ကွဲတာမှ
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းစာလောက်ကြီးကွဲတာ။
ည
The Tanintharyi Times

