မင်းရပ်ရွာမှာ စစ်ကားလာချိန်ပေါက်ကွဲသံကြားပြီးနောက် သေနတ်တွေနဲ့ ဆက်တိုက်ပစ်ခတ်
မင်းရပ်ရွာမှာ စစ်ကားလာချိန်ပေါက်ကွဲသံကြားပြီးနောက် သေနတ်တွေနဲ့ ဆက်တိုက်ပစ်ခတ်
လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာအနီးမှာ စစ်ကားတစ်စီးဆင်းလာချိန်ပေါက်ကွဲသံကြားရပြီးနောက် သေနတ်သံတွေဆက်တိုက်ကြားရတယ်လို့ မင်းရပ်ဒေသခံတွေကပြောပါတယ်။
ဒီနေ့ည ၉ နာရီဝန်းကျင်မှာ ထားဝယ်ကဆင်းလာတဲ့စစ်ကားတစ်စီး မင်းရပ်ရွာအနီးရောက်ချိန်မှာ ပေါက်ကွဲသံနှစ်ချက်ကြားလိုက်ရတယ်လို့ဆိုပါတယ်။
“မိုင်းအသံနှစ်ချက်ကြားလိုက်ရတယ်။ ဆက်တိုက်ဆိုသလို သေနတ်သံရှယ်ကြားရတာ” လို့ မင်းရပ်ရွာခံတစ်ဦးကပြောပါတယ်။
စစ်ကားမိုင်းဆွဲခံရပြီး စစ်တပ်က သေနတ်နဲ့အချက်ပေါင်းများစွာရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒီနေ့ ထားဝယ်-လောင်းလုံးလမ်းတစ်လျှောက်မှာ စစ်ကားအသွားအလာအရင်နေ့တွေထက်ပိုများနေပြီး လမ်းတစ်လျှောက်ရမ်းသမ်းပစ်ခတ်ပြီးသွားလာနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။
The Tanintharyi Times
