လောင်းလုံးမြို့ပေါ်ကနေအိမ်တစ်ဆောင် ဓားပြ ထပ်တိုက်ခံရ

လောင်းလုံးမြို့ပေါ်ကနေအိမ်တစ်ဆောင် ဓားပြ ထပ်တိုက်ခံရ

ထားဝယ်ခရိုင် ၊လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက်ကနေအိမ်တစ်ဆောင် ဒီနေ့မနက်စောစော ၃ နာရီအချိန်ခန့်က ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆိုင်ကယ်တစ်စီးနဲ့ လူ ၂ယောက်လာတာပါ။ အားလုံးအိပ်နေတဲ့အချိန် အိမ်ရှင်အမျိုးသမီးရဲ့ လည်ပင်းကိုဓားနဲ့တေ့ပြီး ပိုက်ဆံတွေတောင်းတာ” လို့မြို့ခံတစ်ဦးကပြောပါတယ်။

ဓားပြတွေဟာ နေအိမ်ကနေ ငွေ၂သိန်းကျပ် ၊ ရွေဆွဲကြိုးတွေ ၊ရွေလက်စွပ်တွေနဲ့ လက်ဝတ်ရတနာတချို့ ယူဆောင်သွားခဲ့တယ်လို့သိရပါတယ်။

အခု ဓားပြတိုက်ခံရတဲ့နေအိမ်ဟာ လူနေအိမ်ခြေများတဲ့မြို့ပေါ်ရပ်ကွက်က နေအိမ်တစ်ခုလည်းဖြစ်ပါတယ်။

အလားတူ မနေ့ကမနက်ပိုင်းမှာလည်း လောင်းလုံးမြို့ပေါ်ရပ်ကွက်ကနေအိမ်တစ်ဆောင်မှာ ဆိုင်ကယ်တစ်စီးနဲ့လူနှစ်ယောက်က ဆိုင်ကယ်တစ်စီးကိုခိုးယူသွားခဲ့တယ်လို့သိရပါတယ်။

လောင်းလုံးမြို့နယ်အပါအဝင် ထားဝယ်ခရိုင်အတွင်း ဓားပြမှုတွေခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။

ဓားပြတွေက သတင်းပေါက်ကြားရင် ပြန်လာပြီးသတ်ပစ်မယ်ဆိုတဲ့ခြိမ်းခြောက်ခဲ့မှုတွေကြောင့် ကာယကံရှင်တွေက အများစုက ထုတ်ဖော်မပြောဆိုကြပါဘူး။

The Tanintharyi Times