KNU ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ဇွန်လအတွင်း တိုက်ပွဲပေါင်းလေးရာနီးပါးဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်သား လေးရာကျော်သေဆုံး
KNU ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ဇွန်လအတွင်း တိုက်ပွဲပေါင်းလေးရာနီးပါးဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်သား လေးရာကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ဇွန်လအတွင်း တိုက်ပွဲပေါင်းလေးရာနီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သားလေးရာကျော်သေဆုံးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF) တို့အကြား ဇွန်လအတွင်း နေ့စဥ်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တစ်လအတွင်း တိုက်ပွဲပေါင်း ၃၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၊ BGF တို့ဘက်က ၄၁၀ ဦးသေဆုံးကာ ၃၃၅ ဦးဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
KNLA၊ KNDO၊ ပူးပေါင်းအဖွဲ့တွေဘက်ကတော့ ၁၇ ဦးကျဆုံးခဲ့ပြီး ၂၈ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
ဒူပလာယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ ဥကရစ်ထဒေသမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူအလွန်အကျွံအသုံးပြုခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times