ပုလောမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး တပ်သား ၁၀ ဦးဝန်းကျင် သေဆုံးနိုင်

ပုလောမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး တပ်သား ၁၀ ဦးဝန်းကျင် သေဆုံးနိုင်

Palaw

စစ်ကားရှစ်စီးပါ စစ်ကောင်စီယာဥ်တန်းဟာ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီနေ့မနက် ၁၀ နာရီခွဲအချိန်က မင်းထိန်ရွာနဲ့ ခမောင်းတောရွာအကြားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်သေဆုံးနိုင်တယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။

“လက်လုပ်မိုင်း ၆လုံးနဲ့တိုက်ခိုက်ခဲ့တာပါ။ စစ်ကားသုံးစီး ပျက်စီးသွားပါတယ်။ စစ်ကောင်စီတပ်သား ၁၀ဦးလောက်လည်းထိခိုက်ဒဏ်ရာရခဲ့တယ်” လို့ တာဝန်ရှိသူကဆိုပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဥ်တန်းဟာ တနင်္သာရီမြို့နယ် ဇဝဲရွာက ခမရ ၅၅၆ တပ်ရင်းကနေ မွန်ပြည်နယ်ကို ရိက္ခာအပြည့်နဲ့တပ်ပြောင်းရွေ့မယ့် ယာဥ်တန်းဖြစ်တယ်လို့သိရပါတယ်။

“ပထမဆုံးပေါက်ကွဲတဲ့အသံကအကျယ်ကြီးပဲ နောက်အလုံးတွေက နဲနဲတိုးတယ်” လို့ မင်းထိန်ရွာသားတစ်ဦးကပြောပါတယ်။

တိုက်ခိုက်မှုပြီးနောက် တောကြီးမြွေဟောက်တပ်ဖွဲ့က ရဲဘော်တွေကတော့ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပုလောမြို့နယ်ထဲမှာ စစ်ကောင်စီယာဥ်တန်းတွေမကြာခဏမိုင်းဆွဲခံရလေ့ရှိပါတယ်။

The Tanintharyi Times