နယ်ခြားစောင့်တပ်စစ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၉၀ကျော်သေဆုံးတာ အတည်ပြု
နယ်ခြားစောင့်တပ်စစ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၉၀ကျော်သေဆုံးတာ အတည်ပြု
ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်ဒေသမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်စခန်းနှစ်ကို ကရင့်ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၉၀ ကျော်သေဆုံးခဲ့တယ်လို့ ကော်သူးလေ တပ်မတော် Lion Battalion Commando ဗျူဟာစစ်ကြောင်းက အတည်ပြုပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ပူးပေါင်းစခန်းတွေကို Lion Battalion Commando ဗျူဟာစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F နဲ့ အခြားပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာ ၆ရက်ဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။
တိုက်ပွဲတွေမှာ ပူးပေါင်းတပ်တွေဘက်က ၆၀မမ၊ ၄၀မမတွေနဲ့ RPG စတဲ့လက်နက်ကြီးတွေနဲ့ ထိုးဖောက်တိုက်ခိုက်ခဲ့ရပေမယ့် စစ်ကောင်စီ စစ်စခန်းနှစ်ခုကို သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရွာတွေကို ဦးတည်ပြီး လက်နက်ကြီး ပစ်ခတ်လို့ အရပ်သား ပြည်သူ ၁၅၀၀ ကျော်စစ်ဘေးရှောင်ခဲ့ရပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ဖော်ပြပါတယ်။
လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ပြန်လည်ဖြည့်တင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ချေမှုန်းမှာဖြစ်ပြီး လူထုအနေနဲ့လည်း စစ်အာဏာရှင်စနစ်ကို မမေ့လျော့ဘဲ နိုင်တဲ့နေရာက ပူးပေါင်းပါဝင်ကြဖို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းက တိုက်တွန်းထားပါတယ်။
Connect Burma
The Tanintharyi Times
