မလေးရှားနိုင်ငံကိုသွားမယ့် မြန်မာနိုင်ငံသား ၅၃ ဦး ထိုင်းမှာဖမ်းဆီးခံရ
မလေးရှားနိုင်ငံကိုသွားမယ့် မြန်မာနိုင်ငံသား ၅၃ ဦး ထိုင်းမှာဖမ်းဆီးခံရ

မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသား ၅၃ ဦး ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်မှာ မနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။
တရားမဝင် ဝင်ရောက်သူရှိတယ်လို့ သတင်းရတာကြောင့် ကန်ချနဘူရီခရိုင်လူဝင်မှု ကြီးကြပ်ရေးက တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။
အဲဒီလိုပြုလုပ်နေချိန် စိုင်းဆောင်မြို့ကိုသွားတဲ့လမ်းပေါ်က ပစ်ကပ်ကား ၃ စီးကိုတားဆီးစစ်ဆေးခဲ့ကြရာမှာ အခုလို တရားမဝင်ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၅၃ ဦးနဲ့ ယာဥ်မောင်း ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်တာဖြစ်ပါတယ်။
ကားပေါ်မှာပါလာသူတွေကတော့ အမျိုးသား ၄၃ ဦးနဲ့အမျိုးသမီး ၁၀ ဦးတို့ဖြစ်ပြီး စစ်ဆေးခဲ့ရာမှာ မလေးရှားနိုင်ငံကို အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံကိုဖြတ်သန်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံကိုဝင်ရောက်ဖို့အတွက် ပွဲစားခအဖြစ်တစ်ဦးကို ထိုင်းဘတ်ငွေ ၃၅၀၀၀ မှ ၄၀၀၀၀ အထိပေးချေခဲ့ရတယ်လို့သိရပါတယ်။
ဖမ်းဆီးရမိတဲ့မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံဥပဒေအရအရေးယူဖို့ စိုင်းထောင်ရဲစခန်းကို လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။
ယာဥ်မောင်း ၃ ဦးကိုလည်း တရားမဝင် ဝင်ရောက်လာတဲ့နိုင်ငံခြားသားတွေကို ကူညီဆောင်ရွက်ပေးမှုနဲ့ တရားစွဲဆိုထားတယ်လို့သိရပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ တရားမဝင်ဝင်ရောက်တဲ့မြန်မာနိုင်ငံသားတွေကို လစဥ်ကော့သောင်း နယ်စပ်ကတဆင့်ပြန်လည်ပို့ဆောင်နေပြီး ပြီးခဲ့တဲ့နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ပြစ်ဒဏ်ကျခံပြီးပြန်လည်လွတ်မြောက်လာတဲ့မြန်မာနိုင်ငံသား ၂၁၀ ဦးကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
ဘန်ကောက်ပိုစ့်
The Tanintharyi Times