စိတ်ပိုင်းဆိုင်ရာ ကနဦးစောင့်ရှောက်မှု သင်တန်း (Psychological First Aid Training)

စိတ်ပိုင်းဆိုင်ရာ ကနဦးစောင့်ရှောက်မှု သင်တန်း (Psychological First Aid Training)

မိမိကိုယ်တိုင်သာမက မိမိပတ်ဝန်းကျင်မှတခြားသူတွေအတွက်ပါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကူညီပေးနိုင်မယ့် ရှေးဦးသူနာပြုစုနည်းသင်တန်းကို ဆေးပညာအသိုင်းအဝိုင်းသာမက စိတ်ပါ၀င်စားသူ မည်သူမဆိုတက်ရောက်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကနဦးစောင့်ရှောက်မှု သင်တန်းကို Medical Family-Mandalay (MFM) Academic Committee မှ ဦးဆောင်ပြီး ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့ နဲ့ ၁၂ ရက်နေ့မှာ ၂ရက်တာသင်တန်း ပို့ချပေးသွားမှာ ဖြစ်ပါတယ်။

Psychological First Aid သင်တန်းလေးကို ကျန်းမာရေးဝန်ဆောင်မှုပေးသူတွေသာမက ပရဟိတသမားတွေ၊ ကိုယ့်ပတ်ဝန်းကျင်ကမိတ်ဆွေသူငယ်ချင်တွေကို ကူညီပေးချင်သူတွေပါ တက်ရောက်သင်ယူနိုင်ပါတယ်။

ခုလို အာဏာသိမ်းကာလ စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် ပြည်သူအများ ကြုံနေရတဲ့ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်ပိုင်းဆိုင်ရာလွန်စွာပင်ပန်းနေရခြင်းနဲ့ စိတ်ဖိစိခြင်း စတဲ့ စိတ်ကျန်းမာရေးပြဿနတွေကို သတိထားမိစေဖို့၊ အရေးပေါ် စိတ်ကျန်းမာရေးစောင့်ရှောင့်မှု ပေးဖို့ လိုမလို သိရှိစေဖို့နဲ့ မိမိမှစပြီး စိတ်ကျန်းမာရေးကူညီစောင့်ရှောက်မှု ပေးနိုင်စေဖို့ ရည်ရွယ်ပြီး ပို့ချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

🚨 သင်တန်းကြေးမှာ အခမဲ့ဖြစ်ပါတယ်။

သင်တန်းတကိရောက်လိုပါက >>> Registration ကို >>> https://us02web.zoom.us/…/reg…/WN_3t5Mcx8qSVe1yRYERoB9bQ (သို့) ပုံပါQRCode မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

More Info: https://t.me/MFM_Academy