ဖွန်မ်ကြိုင်ထိုင်း ပါတီခေါင်းဆောင် အနုတင် ဝန်ကြီးချုပ်ဖြစ်လာ
ဖွန်မ်ကြိုင်ထိုင်း ပါတီခေါင်းဆောင် အနုတင် ဝန်ကြီးချုပ်ဖြစ်လာ
ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ ဖွန်မ်ကြိုင်ထိုင်း ပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကွန်လ်ဟာ ထိုင်းနိုင်ငံရဲ့ ၃၂ ယောက်မြောက်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြောက်ခံရပါတယ်။
အောက်လွှတ်တော်မှာ မဲအများဆုံးအနိုင်ရထားတဲ့ ပြည်သူ့ပါတီက ဖွန်မ်ကြိုင်ထိုင်း ပါတီ ရဲ့ ကိုယ်စားလှယ် အနုတင် ချန်ဗီရာကွန်လ် ထောက်ခံမဲပေးခဲ့တာကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဆေးခြောက်ပါတီလို့ ထိုင်းပြည်သူတွေအကြားလူသိများတဲ့ ဖက်ဖွန်မ်ကြိုင်ထိုင်းပါတီ ကိုယ်စားလှယ် အနုတင်က ၃၁၁ မဲရရှိခဲ့ပြီး အာဏာရ ဖွေ့ထိုင်းပါတီ ကိုယ်စားလှယ် ချိုင်းကာဆမ် နီတီဆီရီ က ၁၅၂ မဲသာ ရရှိခဲ့တာကြောင့် မဲအပြတ်အသတ် နဲ့အနိုင်ရခဲ့တာပါ။ကြားနေမဲကတော့ ၂၇ မဲရှိခဲ့ပြီး ထိုင်း ဒီမိုကရက် ပါတီကတော့ ဝန်ကြီးချုပ်ပြန်ရွေးချယ်ပွဲမှာ မဲမပေးခဲ့ပါဘူး။
အခုလို မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့မှုအတွက် ပြည်သူ့ပါတီကို ကျေးဇူးတင်တယ်လို့ ဖွန်မ်ကြိုင်ထိုင်း ပါတီ အမတ် ရန်စီကွန်း ထိမက်ထရာ ကပြောပါတယ်။
“ ပြည်သူ ၁၄ သန်းလောက်မဲပေးခဲ့တဲ့ ပြည်သူ့ပါတီက ကျွန်တော်တို့ ကိုထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ သူကပြောပါတယ်။
မဲခွဲတဲ့ ရလဒ်ကို ထိုင်းဘုရင်ထံ တင်ပြသွားမှာဖြစ်ပြီး အနိုင်ရဝန်ကြီးချုပ်လောင်းကို ဘုရင်က အတည်ပြုတာပြီးနဲ့ လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုရမှာဖြစ်ပါတယ်။
ဖွေ့ထိုင်းပါတီကတော့ အတိုက်အခံပါတီ အဖြစ်ဆက်လက်ရပ်တည်သွားမယ်လို့လည်း ဒီနေ့ညနေပိုင်းမှာပဲ ထုတ်ပြန်ထားပါတယ်။
ဖက်ဖွန်ကြိုင်ထိုင်း ပါတီ နဲ့ ထိုင်းပြည်သူ့ ပါတီတို့ဟာ အနုတင်ကို ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ဖို့ အချက်သုံးချက် ကတိတောင်းခံကာ ကြိုတင် သဘောတူထားတာဖြစ်ပါတယ်။
နှစ်ပါတီအကြားသဘောတူထားတဲ့ အချက်တွေကတော့ လေးလအတွင်း လွှတ်တော်ကိုပြန်လည်ဖျက်သိမ်း ပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်း စစ်တပ်ခေါင်း ပရာယွတ် ချန်အိုချာ လက်ထက်က ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ၁၉၉၇ အခြေခံဥပဒေကို မှီငြမ်းပြီး အခြေခြံဥပဒေအသစ်ပြန်လည်ရေးဆွဲ ရမယ်လို့ သဘောတူထားတာပါ။
ပြည်သူ့ပါတီက ကိုယ်စားလှယ်တွေ နဲ့ပါတီဝင်တွေအနေနဲ့လည်း အစိုးရ အဖွဲ့မှာ ရာထူးရယူမှာ မဟုတ်ဘူးဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
ဝန်ကြီးအသစ် မဲပေးမရွေးချယ်ခင် စက်တင်ဘာလ ၂ ရက်နေ့တုန်း က ထိုင်းယာယီဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်နေတဲ့ ဖွန်သမ် ဝိချာယာချိုင်းက လွှတ်တော်ဖျက်သိမ်းဖို့ ထိုင်းဘုရင်ကိုတင်ပြခဲ့ပါသေးတယ်။
ဝါရင့် နိုင်ငံရေးသမား သက်ဆင်ရဲ့ သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန်ရှင်နာဝပ် ဟာ ထိုင်းနိုင်ငံ နဲ့ နယ်စပ်အငြင်းပွားမှုဖြစ်နေတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် နဲ့ တယ်လီဖုန်းပြောဆိုရာမှာ ဝန်ကြီးချုပ် တစ်ဦးလိုက်နာရမယ်ကျင့်ဝတ်တွေ ချိုးဖောက်ခဲ့တယ်လို့ ဆိုကာ အခြေခံဥပဒေ ခုံရုံးက ဝန်ကြီးချုပ်ရာထူးက နေ ရပ်ဆိုင်းလိုက်တာပါ။
ကိုးကား – Khaosod English, The Nation Thailand
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
