သက်ဆင် ထိုင်းကို ပြန်လာဖို့ရှိ၊မရှိ သိလိုပါက သူ့ရဲ့လူမှုကွန်ရက်ကိုသွားကြည့်ကြဖို့ ဖွေ့ထိုင်း ယာယီဝန်ကြီးချုပ်ပြော
သက်ဆင် ထိုင်းကို ပြန်လာဖို့ရှိ၊မရှိ သိလိုပါက သူ့ရဲ့လူမှုကွန်ရက်ကိုသွားကြည့်ကြဖို့ ဖွေ့ထိုင်း ယာယီဝန်ကြီးချုပ်ပြော
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဟာ ဆေးကုသမှုခံယူဖို့ နိုင်ငံပြင်ပကို ထွက်ခွာသွားတာဖြစ်ပြီး ထိုင်းကို ပြန်လာ၊မလာ သိလိုပါက သက်ဆင်ရဲ့ လူမှုကွန်ရက်စာမျက်တွေကို သွားကြည့်ကြဖို့ လူထုကို အသိပေးလိုကြောင်း ဖွေ့ထိုင်း ပါတီရဲ့ ယာယီဝန်ကြီး ဖွန်သမ် ဝိချယာချိုင်း က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဖွေ့ထိုင်း ပါတီခေါင်းဆောင် ဖယ်ထုံတန်ရှင်နာဝပ် ရဲ့ ဖခင်လည်း ၊ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ သက်ဆင် ဟာ လွှတ်တော်တွင်း ဝန်ကြီးချုပ် အသစ်ပြန်ရွေးချယ်ရမယ့် ရက်မတိုင်ခင် နိုင်ငံက ထွက်ခွားတာဖြစ်ပါတယ်။
သက်ဆင်ဟာ စက်တင်ဘာလ ၉ ရက်နေ့မှာ သူ့ရဲ့ လက်ကျန် အမှုဟောင်းတွေကို တရားရင်ဆိုင်ရဖို့ ရှိနေကြောင့် နိုင်ငံက ထွက်ခွာသွားတာလို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။
ဝန်ကြီးချုပ်ဖယ်ထုံတန် ရာထူးကရပ်နား ခံရပြီးနောက် ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဖွန်သမ် ဝိချာယာချိုင်း ကတော့ သက်ဆင်ဟာ ကျန်းမာရေး စစ်ဆေးဖို့ စင်ကာပူသွားမယ်လို့ သူ့ကို အသိပေးသွားတယ်လို့ သတင်းတွေကို ပြောကြားခဲ့ပါတယ်။
သတင်းထောက်တွေက “ဒူဘိုင်း(UAE) သွားတာမဟုတ်လား ၊ ပြန်လာဖို့ရောရှိလား” လို့ မေးမြန်းတဲ့ အခါမှာတော့ ဖွန်သမ်ဝိချာယာ ချိုင်းက “ သူ့ Facebook နဲ့ X (ယခင် Twitter) မှာပြောထားပါတယ်။ ခင်ဗျားတို့လည်း သူ့ Page ကိုသွားပြီး Follow လုပ်ထားဖို့ အကြုံပြုပါတယ်” လို့ ဖြေကြားသွားပါတယ်။
သက်ဆင်ဟာ စက်တင်ဘာ ၉ ရက်မှာ နောက်ထပ် တရားခွင်တစ်ခုကို ထပ်မံတက်ရောက်ရမှာဖြစ်ပါတယ်။ အဲ့ဒီတရားခွင်ဟာ ဘန်ကောက်မြို့ အကျဉ်းထောင်ဆေးရုံ ၁၄ ထပ်မှာ ကျန်းမာရေး ချို့ယွင်းတာမရှိဘဲထောင်အရာရှိတွေ နဲ့ညှိနှိုင်း နေထိုင်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
အဆိုပါ တရားခွင်ကို တက်ရောက်ဖို့ရှိမရှိ မေးမြန်းရာမှာလည်း ယာယီဝန်ကြီးချုပ် သက်ဆင်ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကိုသာ Follow ထားသင့်တယ်လို့ ထပ်လောင်းပြောဆိုသွားတာပါ။
သက်ဆင်ရဲ့ Facebook နဲ့ X စာမျက်နှာတွေမှာတော့ သူဟာ စင်ကာပူသွားဖို့ရည်ရွယ်ထားတာ ဖြစ်ပြီး ထိုင်း လဝက က စစ်ဆေးချိန်ကြာမြင့်နေတာကြောင့် ဒူဘိုင်းကို ထွက်ခွာသွားရတယ်လို့ဖြေရှင်းထားပါတယ်။
စက်တင်ဘာ ၄ ရက် ညနေပိုင်းက စင်ကာပူကိုထွက်ခွာဖို့ ဒွန်မောင်းလေဆိပ် မှာ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက သူ့ကိ လေဆိပ်မှာ ၂ နာရီနီးပါးစစ်ဆေးခဲ့တာ နောက်ကျခဲ့တယ်လို့ သက်ဆင်ရှင်နာဝပ်က သူ့ရဲ့ X လူမှုကွန်ရက်မှာရေးသားခဲ့တာပါ။
စက်တင်ဘာ ၈ ရက်နေ့ ထက် နောက်မကျဘဲ ထိုင်းနိုင်ငံကို ပြန်လာဖို့ စီစဉ်ထားပြီး စက်တင်ဘာ ၉ ရက် တရားရုံးကြားနာမှုကို လူကိုယ်တိုင်သွားရောက်ဖို့ ရှိတယ်လို့လည်းရေးသားထားတာဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းတော်ဝင်ဘုရင်မိသားစုကို စော်ကားမှု ပုဒ်မ ၁၂၂ နဲ့ အရင်က စွဲချက်တင်ခံခဲ့ရတဲ့ အမှုကို ပြီးခဲ့တဲ့ သီတင်းပတ်က တရားရုံးက ပလပ်ခဲ့ပြီဖြစ်လို့ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရမှုတွေ ပျက်ပြယ်ပြီး ဖြစ်တယ်လို့လည်း သက်ဆင်ကဆိုပါတယ်။
သက်ဆင်နိုင်ငံခြားကိုထွက်ခွာသွားချိန်ဟာ လွှတ်တော်မှာ ဝန်ကြီးချုပ်သစ် ရွေးချယ်မယ့်နေ့ရက်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် ဝေဖန်သံတွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
လွှတ်တော်တွင်းမဲ ပေးရွေးချယ်မှုမှာလည်း ဖက်ဖွန်ကြိုင်ထိုင်း ပါတီ ခေါင်းဆောင် အနုတင်နဲ့ ဖွေ့ထိုင်း ပါတီ ကိုယ်စားလှယ် ကိုအနိုင်ရသွားတယ်လို့သိရပါတယ်။
ကိုးကား -The Nation
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
