စစ်ကောင်စီက တစ်ဒေါ်လာ ၂၁၀၀ကျပ် ပြောင်းလဲ သတ်မှတ်

စစ်ကောင်စီက တစ်ဒေါ်လာ ၂၁၀၀ကျပ် ပြောင်းလဲ သတ်မှတ်

စစ်ကောင်စီက အမေရိကန်တစ်ဒေါ်လာကို ဗဟိုဘဏ်ရည်ညွှန်းဈေးနှုန်း ၂၁၀၀ ကျပ် ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

ဧပြီလကတည်းက သတ်မှတ်ခဲ့တဲ့ ၁၈၅၀ ကျပ်ကို အခုလို ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။

အခုလို ဈေးနှုန်း ပြင်ဆင်လိုက်ပေမဲ့ ပြင်ပ စျေးနှုန်း ထက်နည်းနေပြီး ပြင်ပပေါက်ဈေးမှ တစ်ဒေါ်လာကို ၂၇၀၀ ကျပ်ဝန်းကျင်အထိ ရှိနေပါတယ်။

စစ်ကောင်စီက ဒေါ်လာဈေးပြောင်းလဲသတ်မှတ်တာအပြင် ပြည်ပကို ပို့ကုန်တင်ပို့သူတွေဟာ ပို့ကုန်ရငွေပမာဏရဲ့ ၆၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ လဲလှယ်ဖို့ ပြောင်းလဲ ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်မတိုင်မီက ပို့ကုန်ရငွေအားလုံးကို သတ်မှတ်နှုန်း ၁၈၅၀ကျပ်နဲ့ လဲလှယ်နေရပြီး သွင်းကုန်အတွက် လိုအပ်တဲ့ ဒေါ်လာငွေကို ပြင်ပပေါက်ဈေးနဲ့ ပြန်ဝယ်ယူနေကြ ရတာပဲဖြစ်ပါတယ်။

The Tanintharyi Times