စုံစင်ဖျားရွာမှာ ဆိုင်တစ်ဆိုင်ဖောက်ထွင်းခံရ
စုံစင်ဖျားရွာမှာ ဆိုင်တစ်ဆိုင်ဖောက်ထွင်းခံရ
သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာမှာ ဇူလိုင် ၁ ရက်နေ့ညက ဆိုင်တစ်ဆိုင် ဖောက်ထွင်းခံခဲ့ရပြီး ဘီယာနဲ့ အရက်တွေ အဓိကပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖောက်ထွင်းခံရတဲ့ဆိုင်ဟာ စုံစင်ဖျားရွာလမ်းမပေါ်မှာ တည်ရှိပြီး မြိတ် – ထားဝယ် အတက်အဆင်းလုပ်တဲ့ကားတွေရဲ့ စုရပ်လည်းဖြစ်ပါတယ်။
” အာဏာစသိမ်းတုန်းကဆို အဲဆိုင်ရှင်က NLD အဖွဲ့ဝင်တွေကို ရန်သွားစလို့ ပွဲတော်တော်ဖြစ်သွားသေးတယ် ” လို့ ဒေသခံတစ်ဦးက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ဖောက်ထွင်းခံရတဲ့ ဆိုင်ပိုင်ရှင်ဟာ ပြည်ခိုင်ဖြိုးပါတီကို အခိုင်အမာ ထောက်ခံအားပေးသူဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ စုံစင်ဖျားရွာ မိီးသတ်စခန်းနဲ့ စစ်ဘေးရှောင်ပြေးနေကြရတဲ့ ပြည်သူ့နေအိမ်တွေပေါ်မှာ တပ်စွဲနေထိုင်နေကြတယ်လို့ သိရပါတယ်။
The Tanintharyi Times
